ရောင်ပြန်လင်း သူ့အိမ်ပြန်မဲ့ ကိစ္စကို နှောင်ကြိုးရဲ့
ကြီးတော်တင်တင်ရီသည်လည်း ခွင့်ပြုခဲ့သည်
ပညာတတ်ကလေးတစ်ယောက်ကို သူမ သည်လည်း
ဘဝကို ဒီလိုအခြေအနေဖြင့် မဖျက်ကျော်စေချင်ပုံပင်
ဒါကြောင့် ရောင်ပြန်လင်းကို ဒီလအတွက် လစာနဲ့အ
တူ အိမ်ပြန်ခွင့်ပေးလိုက်သည် အိမ်ကိုလည်း ဘာမှ
အားနာစရာမလိုဘူးဟုပြောရန် မှာလိုက်သေးသည်" နှောင်ကြိုးမဲ့ ဒါဘယ်လည်း "
အိမ်ထဲက ဒေါ်သင်းဆွေရဲ့အော်သံကြောင့် နှောင်ကြိုး
ရောင်ပြန်ကိုတွဲထားသော လကိကိုအမြန်ဖြုတ်လိုက်
သည် ~~ ရောင်ပြန်သည်လည်း သူ့အနောက်က
ဒေါ်သင်းဆွေရဲ့ အသံကြောင့် အနောက်ကိုလှည့်
ကြည့်လိုက်သည်" အကို့ အိမ်လိုက်ပို့မလို့ပါ မေမေ "
" သားရယ် သူဟာသူအိမ်မပြန်တတ်တာကြလို့
သူ့ဟာသူပြန်ပါစေ "" ကြီးကြီးက လိုက်ပို့ပေးလိုက်ပါဆိုလို့ သား
အကို့ ကိုလိုက်ပို့မလို့ပါ ဒါဆို သားတို့သွားလိုက်
ပါဦးမယ် မေမေ "ကြီးကြီး ကိုကြားခံပြီး နှောင်ကြိုးပြောလိုက်ခြင်း
ကြောင့် ဒေါ်သင်းဆွေ ဘာမှဆက်ပြောနိုင်ခင်
နှောင်ကြိုးတို့နှစ်ယောက်ခြံအထဲကထွက်သွားသည်
ရောင်ပြန်လင်းသည်လည်း မြောက်ဥက္ကလာပ အ
တွင်းနေထိုင်တာကြောင့် နှောင်ကြိုးတို့နေတဲ့
ခေမာသီဈေးလမ်းမနှင့် သိပ်မနီးသော်လည်း သိပ်
မဝေးလှပါ ~~Taxi တစ်စီးငှားကာ ရောင်ပြန်လင်း သူ့အထုတ်နှစ်
ခုကို ကားအနောက်အခန်းထဲထားလိုက်ပြီး နှစ်ယောက်
သား အနှောက်အခန်းမှာဝင်ထိုင်လိုက်သည်" ဦးလေး ဝဇီယာ ၄လမ်းကို ပို့ပေးပါ "
ဝဇီယာ ၄ လမ်းဆိုသည်မှာ 15မိနစ်လောက်မောင်း
လိုက်ရုံဖြင့်ရောက်လာသည် ရောင်ပြန်လင်း ကား
သမားဦးလေးကြီးအား သူ့အိမ်ကိုလမ်းညွှန်ပေး
ပြီးတဲ့နောက် * ရောင်နီဦး * ဆိုသော ကုန်စုံဆိုင်
လေးရှေ့မှာ Taxi ရပ်လိုက်သည်နှောင်ကြိုး ထိုကုန်စုံဆိုင်လေးရှေ့ကို ရောင်ပြန်လင်း
နဲ့အတူ Taxi ပေါ်ကနေဆင်းလိုက်တာနဲ့ ~ ထိုဆိုင်
ထဲကနေ အသက်လတ်ပိုင်းမိန်းမတစ်ဦးထွက်လာသည်
နှင့် ရောင်ပြန်လင်း သူမကို ဖက်လိုက်သည်