Friday ရဲ့ မိုးဟာ ညရောက်သည်အထိ မတိတ်ခဲ့ပါ
မိုးကုန်ခါနီးသိမ်းကြုံးများရွာနေသလားဟု ထင်ရလောက်
အောင်ကို အတော်လေး သည်းထန်ပါသည် !! ညစာ
ထမင်းစားသည်အထိ သူတို့နှစ်ယောက်ဟာ အတူရှိ
နေဆဲပဲ ဒေါ်ကြီးထားသာ ခေတ်လူငယ်ဆိုပါက သူ
တို့နှစ်ယောက်ကို ရိပ်မိချင်ကောင်း ရိပ်မိနိုင်သော်
လည်း သူ့အမြင်မှာတော့ ယောက်ျားလေး သူငယ်ချင်း
နှစ်ယောက် လို့သာ မြင်ပါလိမ့်မည်ဒါကိုအခွင့်ကောင်းယူကာ သူတို့နှစ်ယောက်ကလည်း
တစ်ယောက်ကို တစ်ယောက် အပျောက်မခံကြပါ
ည 8:00 ထိုးတော့ သော်သော်ဇင် ဆီက Ph လာပြီး
နှောင်ကြိုး ဒေါသထွက်ရပါသေးသည် ~ အပေါ်ထပ်
က နှောင်ကြိုး အခန်းလေးထဲမှာ အပြာနုရောင် မီး
အိမ်လေးတစ်ခုသာထွန်းထားသည် ~~ခေါင်မိုးပေါ် သစ်ရွက်တွေပေါ် ကတ္တရာလမ်းမပေါ်
ရွာသွန်းနေသော မိုးစက်တွေရဲ့ အသံ နဲ့ အေးစက်
မှုနဲ့အတူ မှိတ်ပြပြမီးရောင်လေးဟာ ရှိသောသူ့
အခန်းလေးထဲမှာ နှောင်ကြိုးမဲ့ သူ့ဘေးနားမှာ
အိပ်နေသော ရောင်ပြန်လင်း ကို ငေးကာ
ကြည့်နေသည် ~~ဗလာဖြစ်နေသော အတွေးတွေမှာ ချစ်သည်ဟု
စာတမ်းထိုးထားသော အနီရောင် စာလုံးများစွာ
ရှိသည် ~ ရွာနေတဲ့မိုးစက်တွေနဲ့အတူ ရော
ယှက်နေတဲ့ သူ့ရင်ခုန်သံတွေရှိသည် ~~ ထိုအ
ရာအားလုံးသည် ထိုသူထဲမှ ဆင်းသက်၍ ထိုသူ့
ထံပါး ကွယ်ပျက်သော နှလုံးသား၏ နိယာမ တစ်
ခုဖြစ်သည် ~" ဘာလို့ ကိုယ့်ကို ဒီလောက်ကြည့်နေတာလဲ "
" ကျွန်တော် ဘာလို့ ဒီလိုဖြစ်သွားလည်း တွေး
နေတာ "" ကိုယ့်ကိုကိုယ် မုန်းနေတာလား "
" ဟင့်အင်း ကျွန်တော်အရမ်းကျေနပ်နေခဲ့တာ~
ထူးဆန်းတယ်မှတ်လား ?? "" အချစ်က အရမ်းဆန်းကျယ်တယ် ~ ဟုတ်တယ်
မှတ်လား "" အင်း ~~ ကို တစ်ခုလောက်မေးချင်တယ် "
" မေးပါဗျာ ~~ "
" ဟိုအမ ကို ကိုအရမ်းချစ်ခဲ့တာပဲလား ?? "
" ကဲ ညီက အခုထိ ကိစ္စကို စိတ်ခုနေတာလား ??
ကိုယ်ပြောပြမယ် ကိုယ်ကချစ်ခဲ့တာမဟုတ်ဘူး သာ
ယာခဲ့တာ ~ အချစ်လို့အထင်မှားပြီး စွဲလမ်းခဲ့တာ~
အချစ်လို့တောင် ခေါင်းစဉ်မတပ်နဲ့ အဲ့အချစ်က ညီ့
တစ်ယောက်ထဲ အတွက်ပဲ "