3

7 0 0
                                    

ကားမှန်ကနေစီးကျနေသော မိုးရေစီးကြောင်းတွေ
နဲ့ အေးစက်စက် air con ကြောင့် ကားအထဲမှာ
ပိုပြီးအေးစက်နေသည်  နှောင်ကြိုး ကားအနောက်ကို
လှည့်ကြည့်လိုက်တော့ သော်သော်ဇင်တစ်ယောက်
Shopping ထွက်ရ  စားရသောက်ရတာ အတော်
ပင်ပန်းနေသည့်ပုံစံဖြင့်  အနောက်ခုံတစ်ခုလုံးပေါ်
မှာ အေးအေးသာသာ အိပ်နေသည်

နှောင်ကြိုးမဲ့ ကိုအခုထိစကားတစ်ခွန်းမှာ မပြောသော
ရောင်ပြန်လင်း အားတစ်ချက်ခိုးကြည့်လိုက်တော့
သူ့ကြောင့် အတော်လေးအခုထိ ဒေါသထွက်နေသည့်
ပုံကြောင့် ဘာမှမပြောပဲ ဟိုဘက်လေးလှည့်ကာ
ဘေးပတ်ဝန်းကို ကြည့်နေသော်လည်း နှောင်ကြိုးမဲ့
အတွေးတွေကတော့ သူ့ဘေးနားက လူတစ်ယောက်
ထံ ခိုဝင်နေသည်

သူတောင်းပန်သင့်လား အခါခါတွေးသော်လည်း မာန
ကခွင့်မပြုပြန်ဘူး   ဒါပေမဲ့ သူ့ကြောင့် အခြားလူ ခံစား
သွားရတာ နှောင်ကြိုး စိတ်မကောင်းဖြစ်မိသည်~~

အိမ်ရောက်တော့ မိုးစက်လေးတွေဟာ အနည်းငယ်
သာခပ်ဖွားဖွားလေးသာကျနေပြီး သော်သော်ကတော့
သူ့အထုတ်တွေကိုင်ကာ အိပ်ချင်မူးတူးဖြင့် အိမ်ထဲဝင်
သွားသည် ~  သူတို့သုံးယောက် အိမ်ပြန်ရောက်
တော့ ညနေအတော်စောင်းနေကာ 6:30 ပင်ကျော်
နေပြီ ~

"    အကို     "

နှောင်ကြိုး အရဲစွန့်ကာ သူ့ရှေ့ကနေ အိမ်ထဲဝင်သွား
သော ရောင်ပြန်လင်းအားခေါ်လိုက်ပေမဲ့ သူဘယ်က
စပြီးပြောရမလဲ စဉ်းစားမရခဲ့ဘူး  !!  သူတို့အနား
မှာ ကြီးကြီးတို့ရှိလားလဲ နှောင်ကြိုး ကြည့်လိုက်သေး
သည် ~~ တကယ်လို့ရန်ဖြစ်တာသာ သိကြည့်ပါလား
သူ့ကို ကြီးကြီး ကဆူလိုက်မယ့် ဖြစ်ခြင်း

ရောင်ပြန်ဟာ သူ့အနောက်က ကောင်လေးကိုလှည့်
ကြည့်လိုက်သည် ~~ 

"     ဒီအင်္ကျီကလေ  ~   "

"     ငါပြန်ပေးမယ်လို့ ပြောပြီးပြီလေ နှောင်ကြိုးမဲ့  "

"   မဟုတ်ဘူး ကျွန်တော် ~  "

ရောင်ပြန်ဟာ နှောင်ကြိုးပြောတာကို ဆုံးအောင်နားမ
ထောင်ပဲ သူ့အခန်းထဲကို ဝင်သွားသည် ~ 

သူသာလျှင် သူသည်သာ ကျွန်တော်၏ ပဲ့ကိုင်ရှင်Where stories live. Discover now