ရောင်ပြန်လင်း နှောင်ကြိုးမဲ့ကို လိုက်ပို့တော့
ဟိုဆရာဝန် ဆိုသော မင်းမဏ္ဍိုင်က သူအရင်လုပ်နေ
ကျ ခြံထဲက ပန်းပင်တွေရေလောင်းနေသည် ~
ဆရာဝန်မို့လို့လည်း မသိဘူး ရုပ်ချောတာလေး
နဲ့မှ မလိုက် ချေမိုးနေတာပဲ !! ရောင်ပြန်လင်း
ဒီတစ်ခေါက်နဲ့ဆို သူ့ကိုတွေတာ 3ခေါက်မြောက်
ရှိပြီပထမတစ်ခေါက်က ပုဂံကနေ နှောင်ကြိုးတို့အမေ
လာလည်တဲ့နေ့တုန်းက တွေ့သည် ~ တတိယတစ်
ခေါက်က အခု ~ ဒုတိယက ညကြီးမင်းကြီး
သူထလာတဲ့အချိန် ခြံထဲမှာတစ်ယောက်ထဲထိုင်နေ
တာကို မြင်ရတာပဲ ~~သူတို့တွေ့တဲ့ သုံးကြိမ် စလုံးမှာ ရောင်ပြန်လင်း
ဘက်သာ ကြည့်နေခဲ့ပေမဲ့ မင်းဏ္ဍိုင် ဘက်ကတော့
သူ့ကိုရှိသည်လို့ပင်မထင် အမြဲတမ်း ရောင်ပြန်လင်း
ကြည့်လိုက်တိုင်း မင်းဏ္ဍိုင်ဘက်က နှောင်ကြိုးမဲ့
ကိုသာလှည့်ကြည့်တတ်သည် ~~" ကို ~ ကျွန်တော့်ကို ph ဆက်နော် "
" အင်း ~~ "
နှောင်ကြိုးမဲ့ အသံကြားတော့မှ မင်းဏ္ဍိုင် သူတို့ဘက်ကို
မသိမသာလေးလှမ်းကြည့်ကာ သူ့ကိုတောင် ဘုကြည့်
ကြည့်လိုက်သေးသည် ~ ပြီးတော့ မသိသလို ဟိုဘက်
ပြန်လှည့်ကာ ပန်းပင်ရေပြန်လောင်းနေသည့်ပုံစံ
ကြောင့် ရောင်ပြန်လင်း နှုတ်ခမ်းတွေ မသိမသာပြုံး
သွားသည် ~" ကို့ ကြည့်ရတာ ဘာဖြစ်နေတာလဲ "
" ကဲပါ ကြိုးရယ် ~ ချစ်တယ် ကိုယ်ph ဆက်လိုက်
မယ်နော် ~~ "သူကြားချင်တာ ကြားရတော့ နှောင်ကြိုးမဲ့ ပျော်ရွှင်
စွာ အိမ်ထဲဝင်သွားသည့်တိုင် ရောင်ပြန်လင်း ခြံအဝ
ကနေ ကြည့်နေဆဲပဲ !! ညနေစောင်းနေပြီမို့
ကောင်းကင်ဟာ အနည်းငယ်မဲမှောင်ကာ အလင်း
ရောင်တောင် အနည်းငယ်သာရှိတော့သည် ~~
မင်းဏ္ဍိုင် လည်းသူ့အရှေ့က ပန်းပင်တစ်ပင်ကို
ရေလောင်းနေတာ မပြီးနိုင်မစီးနိုင်ပဲ သူအိမ်ရှေ့
ရောက်ထဲက ကလည်း အဲ့ပန်းပင်ပဲ နှောင်ကြိုးမဲ့
အိမ်ထဲဝင်သွားတဲ့အချိန်အထိ အဲ့ပန်းပင် ကြာရင်
အဲ့ပန်းပင် ရေမျောသွားမှာတောင် စိုးရိမ်ရသည်