နှောင်ကြိုးတို့ ချစ်သူဖြစ်တာ 3ရက်ကုန်သွားခဲ့သော်
လည်း ~ သူတို့နှစ်ယောက် အပြင်ထွက်မုန့်စားတာ
ကလွဲရင် အိမ်ထဲမှာ TV ကြည့်လိုက် စာအုပ်ဖတ်လိုက်
ကများသည် ဒေါ်ကြီးထား ရှိနေတာက ပုံမှန်အတိုင်း
ပြောဆိုဆက်ဆံခိုင်းသော နှောင်ကြိုးမဲ့ ၏ အမိန့်
ကြောင့် ရောင်ပြန်လင်းရဲ့ ချစ်သူဘဝကြီးဟာ
ခြောက်ကပ်ကာ နွေရာသီကိုတောင်ရောက်နေခဲ့ပြီအပြင်က မိုးစက်တွေကြည့်နေရင်း ရောင်ပြန်ဟာ
နှောင်ကြိုးကို ထွေးပွေ့ထားချင်သည် ~ မနက်ခင်း
သူကိုယ်တိုင်နှိုးချင်သည် ~ အပြင်သွားရင် လက်
လေးကိုင်ထားချင်သည် သို့သော်လည်း နှောင်ကြိုး
ကျတော့ ပတ်ဝန်းကျင်ဟူသော အရာက အရမ်း
အရေးပေးသူပီပီ အရင်ကထက်တောင် သူ့ကို ပို
ပြီး ရှောင်နေခဲ့သည် ~~" ညီ ~~ "
ထမင်းစားခန်းထဲရေသောက်နေသော နှောင်ကြိုးမဲ့
ကို ရုတ်တရက် အနောက်ကနေ ဖက်လိုက်သော
ရောင်ပြန်ကြောင့် နှောင်ကြိုးဟာ အမြန်ရုန်းထွက်
လိုက်သည် ~~ သူ့မျက်နှာဟာ အလွန်အမင်း
စိုးရိမ်ပူပန်နေတဲ့ပုံစံနဲ့အတူ ရောင်ပြန်ကို ကြည့်လိုက်
သည် ~~" ဘယ်လိုလုပ်လိုက်တာလဲ အကို ရေတွေမှောက်
ကုန်ပြီ ကျွန်တော်ပြောတယ်လေ ဒီလိုမလုပ်ပါနဲ့လို့ "ပိုချစ်သောသူဟာရှုံးသည်တဲ့ညီ~~ ကိုယ်ဟာအမြဲ
တမ်းရှုံးနေသည်လား ?? တစ်ခါတစ်လေတွေးမိပါ
သည် ညီဟာ စိတ်ကစားပြီး ကိုယ့်ကိုများ အဖြေပေး
ခဲ့သည်လား ??? ကိုယ့်တစ်ယောက်ထဲကိုပဲကြည့်စေ
ချင်တာ အတ္တများကြီးသွားလား ?? သို့သော်လည်း
ညီဟာ ကိုယ့်ဘက်မကြည့်ခဲ့ပါ ~~" ဒေါ်ကြီးထား အပြင်သွားပါတယ် စိတ်မပူပါနဲ့ "
" ဒါပေမဲ့ ဒီလို ခဏခဏ မဖက်ပါနဲ့ နေရခက်တယ် "
နှောင်ကြိုးမဲ့အတွက် တကယ်နေရခက်စေသည် သူ
အတွက် ဒီလိုအထိအတွေ့တွေဟာ အစိမ်းဆန်ပြီး
အနည်းငယ်ကြောက်ဖို့ကောင်းနေသည် ~အကို
လက်ကိုင်ရင်တောင် သူအရမ်းကို ပူလောင်နေမိ
သည် ~ အခုလိုဖက်ရင်တော့ မပြောတတ်တော့
ပါဘူး သူအရမ်းကို တုန်လှုပ်နေမိသည် ~~~~