အဖြူရောင်ကြွေဇလုံထဲ ခပ်နွေးနွေးရေစပ်ကာ
ရောင်ပြန်လင်း နှောင်ကြိုးကိုယ်လေးအား ရေထဲ
ဖြေးဖြေးချင်း ချလိုက်ပြီး သူထိုကြွေဇလုံလေး
အပြင်ကနေ ကြိုးကိုကြည့်နေသည် ~" ကြည့်ပါဦး ဒီလောက်အများကြီး ဖြစ်နေရင်
ကြီးကြီးသိသွားမှာပေါ့ "ကြိုးသူ့အရှေ့က မှန်လေးထဲကြည့်ရင်း လည်ပင်း
တစ်လျှောက် နီညိုရောင် အမှတ်များကိုတို့ထိ
ကာ ရောင်ပြန်လင်း ကိုပြောလိုက်သည် ~
သူ့စကားကြောင့် သူအပစ်သူသိသော ရောင်
ပြန်လင်း က မျက်နှာငယ်လေးဖြင့် ဘာမှ
မပြောပဲ အဲ့အမှတ်များကို စိတ်မကောင်းစွာ
ကြည့်နေတာကြောင့် ~~" ကို က ခွေးလေးလား ? "
" ကိုယ်တောင်းပန်ပါတယ် နာနေလား "
" ဟင့်အင်း~ နောက်တစ်ခါ အရမ်းမလုပ်နဲ့
နော် ကျွန်တော်တစ်စစီဖြစ်သွားဦးမယ် အရမ်း
ကြမ်းတာပဲ "" ကိုယ်~စိတ်မထိန်းနိုင်ဘူး ဖြစ်သွားတယ်
တောင်းပန်ပါတယ် "" ကို့အမှားမှမဟုတ်တာ ဘာမှမဖြစ်ဘူး အဲ့
လိုမျိုးပြီး ဖြစ်မနေနဲ့ !! မဆူခံရလို့ မျက်နှာ
ညိုးနေရအောင် ကို ကကလေးလည်းမဟုတ်
ဘူး !! "" ဟုတ်ပါပြီ ဘွားဘွားလေးရယ် မြန်မြန်ချိုး
ထမင်းစားရအောင် "" ခ်ခ် အင်း ~~~ "
အရမ်းချစ်ဖို့ကောင်းတဲ့ ချစ်သူတစ်ယောက်ရတာ
ဆုလဒ်တစ်ခုဆို အဲ့ဆုလဒ်ရဲ့ဘေးထွက်ဆိုးကျိုးက
သူ့ကို စိတ်မထိန်းနိုင်အောင်လုပ်လွန်းတာပဲ !!
ပြုံးလိုက်ရင် ကမ္ဘာကြီးရပ်ဆိုင်းသွားကာ ဘုရား
ကခေါင်းလောင်းသံတွေက သူ့ကို နတ်ပြည်နဲ့
ငရဲကို အလှည့်ကျခေါ်သွားနိုင်သည် ~အချစ်ဆိုတာ မကြုံခင်တုန်းကတော့ တစ်ခါလောက်
ကိုးကွယ်ချင်မိသော်လည်း ကြုံမိပြန်တော့ သူ့ကို
ဆောက်တည်ရာမရအောင်လုပ်ပြန်သည် ~ အစက
သူ ကြိုးနှုတ်ခမ်းရဲ့ အနမ်းတွေကို မက်မောတယ်
အခုတော့ လောဘကြီးလာသည်လားမပြောတတ်
ကြိုးရဲ့အရာအားလုံးကို ချယ်လှယ်ချင်လာသည် !!
အသွေးအသားတွေက သူ့ကို တောင်းဆိုလွန်းသည်
ကြာရင် ကြိုးပဲ တစ်စစီဖြစ်မလား သူပဲ ပန်းသေမလား
ဆိုပြီး ရောင်ပြန်လင်းတွေးကာ ကျိတ်ရယ်လိုက်
သည် ~~