ဟိုတစ်နေ့ကိစ္စဖြစ်ကတည်းက နှောင်ကြိုးမဲ့ဟာ
ရောင်ပြန်လင်း ကိုရှောင်နေခဲ့သည် ဧည့်ခန်းမှာ
ဆို ဧည့်ခန်းမှာမို့ ရောင်ပြန်ရှိနေရင် အပေါ်
ထပ် သူ့အခန်းကနေတောင်ဆင်းမလာခဲ့ဘူး
ထမင်းစားရင်တောင် အတူမစားတော့ဘူး ~~နှောင်ကြိုးမဲ့ ဘဝမှာ လုံးဝမယုံကြည်နိုင်စရာကိစ္စ
တစ်ခုဟာ သူဘယ်တုန်းကမှ အချစ်ဆိုတာလည်း
မသိခဲ့သလို ချစ်သူရည်စားဆိုတာ တစ်ခါမှမထား
ဖူးခဲ့ဘူး အခုတော့ ယောက်ျားလေးအချင်းချင်း
ရည်စားစကားအပြောခံရတဲ့အပြင် သူ့အိမ်က ခြံ
စောင့်တစ်ယောက်က ဆီကအပြောခံလိုက်တယ်ဒါဟာရူးသွပ်လွန်းတယ်လို့ နှောင်ကြိုးတွေးလိုက်
သည် စာမေးပွဲကလည်း ဖြေရတော့မယ် စာအုပ်
ဖွင့်လိုက်တာနဲ့ မျက်လုံးထဲပေါ်ပေါ်လာတဲ့ အဖြစ်အ
ပျက်တွေကြောင့် စာမေးပွဲတော့အထိခိုက်မခံနိုင်ဘူးပြီးတော့ ခြံစောင့်တစ်ယောက်နဲ့ ဒါဘယ်လိုလုပ်ဖြစ်
နိုင်မှာလဲ ?? ဘာပဲဖြစ်ဖြစ်နှောင်ကြိုးဟာ ဒီစာမေးပွဲ
ပြီးတာနဲ့ ရောင်ပြန်လင်းကို အလုပ်ထုတ်ဖို့ ကြီးကြီး
ကို အပူကပ် ရတော့မယ် ~~" သားနှောင်ကြိုး အတော်ပဲလာဦး "
သူဟာအချိန်မှားပြီး အောက်ဆင်းလာမိတာပဲ ကြီးကြီး
ဘေးနားမှာ အကို က ဘာလို့ထိုင်နေတာလဲ ??သက်ပြင်းတစ်ချက်ကိုဖြေးညှင်းစွာချပြီး နှောင်ကြိုး
ဟာ ဧည့်ခန်းက ရောင်ပြန်တို့နဲ့ မျက်နှာချင်းဆိုင်
ထိုင်လိုက်သည်" ဟုတ်ကဲ့ ကြီးကြီး ဘာပြောမလို့လဲ "
" သား အနီးကပ် 10 ရက်က မနက်ဖြန်တက်
ရတော့မှာမှတ်လား "" ဟုတ်ကဲ့ "
" ရောင်ပြန်နဲ့ အတူသွားလေ သူလည်း တက်
ရမှာပဲ အဖော်ရတာပေါ့ "" ဟမ် ?? ရတယ် သားTaxi နဲ့သွားလို့အဆင်
ပြေပါတယ် "" ပိုက်ဆံကုန်တာပေါ့ အိမ်မှာကားရှိနေတာပဲ
အတူသွားလိုက် !! "ကြီးတော် ရဲ့စကားကို နှောင်ကြိုး ဟာအထွန့်တက်မနေ
တော့ပဲ ခေါင်းငြိမ့်လိုက်သည် !! မနက်ဖြန်တော့ ဘယ်
လို လုပ်ရမှန်းမသိတော့အောင် စိတ်ရှုပ်နေလျက်
နှောင်ကြိုး ဟာ ရောင်ပြန်လင်းကို လှည့်တောင်မကြည့်
ပဲ အပေါ်ထပ်ကို ပြန်တက်သွားသည် ~~