ကိုယ့်အတွက် အရာရာ.. (အပိုင်း-၅)
±±±±±±±±±±±±±±±±±±±±±"ရတယ်ဆိုတိုင်း တောင်းတာက မကောင်းဘူးသမီးငယ်.. မေမေ အဲ့လိုလုပ်တာတွေ မကြိုက်ဘူး"
ဂုတ်ထောက် ဆံပင်လေးကို ဝဲခါသွားအောင် ခေါင်းကို ခါယမ်းလိုက်ပြီး မျက်နှာလေး စူပုတ်ထားတာက တမင်လုပ်နေမှန်း သိပေမဲ့ မျက်နှာလွဲထားလိုက်သည်။
"မေမေကလည်း ဦးမိုးက မေမေပြောရင်ရနေတာပဲကို.."
လက်မှာကိုင်ထားတဲ့ ပိုက်ကို လွှတ်လိုက်ပြီး ကိုယ်ကို မတ်မတ်ပြင်ထိုင် လိုက်ကာ ဘယ်လိုကြည့်ကြည့် မျက်စိအေးဖွယ် မရှိသော သမီးဆီသို့ အကြည့်က ပြန်ရောက်သွားသည်။ လည်းပင်းမှာ တွေကော၊ လက်မှာ တွေကော ကြိုးတွေ မှန်းမသိ ချိန်းတွေ မှန်းမသိ ဝတ်ဆင်ထားတာက အလှဆင်တာနှင့်မတူပဲ ကိုယ့်ဖာသာကိုယ် တုတ်နှောင်ထားသလို ဖြစ်နေ၏။ မျက်လုံးမှာ ခြယ်ထားတဲ့ မဲမဲတွေကြောင့် မျက်လုံးလေးလှလိုက်တာ ဆိုတာ ဘယ်ဆီသို့ ရောက်သွားပြီလဲ မသိ၊
သက်ပြင်းချလွန်းလို့ ချန်ပီယံဆုသာ ပေးမယ်ဆိုရင် ကိုယ်က ပထမရနေလောက်ပြီ ထင်သည်။
"ပြောတိုင်းရတယ်ဆိုပြီး ခဏခဏတောင်းနေရင် တကယ် လိုအပ်လာရင် ဘယ်လိုလုပ်မလဲ.. မေမေပြောပြီးသားနော် အိမ်ပြန်ရောက်ရင် ကားဆိုတာ တစ်ခွန်းမှ မပြောမိစေနဲ့"ပိုက်ဆံရှင်းရန် ထရပ်လိုက်ခြင်းအရ ဘာပူဆာခွင့်မှ မပေးတော့မှန်း ငယ်သိလိုက်သည်။ မေမေက မလုပ်ရဘူးဆိုရင် ဘယ်လောက် ခြေကန်ပြီး တောင်းဆိုနေနေ လုပ်ခွင့်ပေးမည် မဟုတ်တာကြောင့် စိတ်ညစ်သွားခြင်းက မျက်နှာမဲ့ခြင်းသို့ ရောက်၏။
ကားထဲဝင် ထိုင်လိုက်ပြီးမှ ဖုန်းမြည်လာတော့ သမီးအပေါ် စိတ်အလိုမကျတာတွေကို ခဏထားလိုက်ကာ.."ဟလို ထား ဘယ်ရောက်နေတာလဲ သမီးငယ်ကိစ္စတွေက အဆင်ပြေရဲ့လား အိမ်မပြန်ခင် ကို့ဆီဝင်ခဲ့ပါလား"
"အင်းပါကို သမီးကိစ္စလိုက်လုပ်ပေးနေလို့ နောက်နှစ်နာရီ လောက်ဆို ရောက်မယ်ကို"
"ကိုစောင့်နေမယ်နော် ဒါပဲနော်"
ကိုက အဲ့လိုမျိုးလည်း အလိုက်သိရှာသည်။ လိုက်မလုပ်ပေးနိုင်ပေမဲ့ ခဏခဏ ဖုန်းဆက်ပြီး လှမ်းမေး၏။ ဒါကိုမှ ဒီကောင်မလေးက အလိုက်မသိ လိုတာရဖို့ တောင်းခိုင်း နေသေးသည်။
BẠN ĐANG ĐỌC
ကိုယ့်အတွက် အရာရာ
Lãng mạnမိန်းကလေး တစ်ဦးက ကိုယ်ချစ်တဲ့သူကို ချစ်တယ် ဆိုတာ.. ဘယ်လောက်ထိ ဘယ်အထိ ပေးဆပ်နိုင်တာလဲ ဆိုတော့.. သောကဖြူ ဆိုတဲ့ မျိုသိပ်နိုင်လွန်းလို့ ခံစားချက်သေသလို ဖြစ်နေတဲ့ မိန်းကလေးဟာ.. သူမှသူ သူပဲ အောင်မြင်ချင်တယ် သူပဲ ရယူချင်တယ် အရှုံးမပေးနိုင်ဘူး ဆိုတဲ့ ရုပ်...