ကိုယ့်အတွက် အရာရာ.. (အပိုင်း-၉)
++++++++++++++++++++'ထားရယ် အိမ်လာလည်လည်း ရတာကို..'
မထိုင်ရသေးခင် ပြောလိုက်တဲ့ စကားကြောင့် ထိုင်ရမလို ထရမလို ဖြစ်သွား၏။ အသိများ ရှိနေမလားဆိုပြီး ဘေးဘီဝဲယာကို ကြည့်မိတာက မသိမသာလေး မဟုတ်..၊
'ဦးကို ဘယ်သူ လိုက်ပို့ပေးတာလဲဟင်'
'ထားပြောလို့ ဦးဖာသာ မောင်းလာတာပါ.. ဘာဖြစ်လို့လဲဟင်'
အခုမှ ကိုယ်က ဟင်းချနိုင်ပေမဲ့ ဦးက စိုးရိမ်စိတ်တွေ ဖြစ်လာဟန်နှင့် မေး၏။ ဒီအသက်ရွယ် ရောက်မှ ခိုးကြောင်ခိုးဝှက်တွေ ဖြစ်နေရတဲ့ ကိုယ့်ပုံစံကို သတိထားမိပြီး ဦးကို မချိပြုံးလေး ပြုံးပြမိသည်။
'ထား ဦးကို ဘပြောမလို့လဲဟင်'
ကိုယ်က စမပြောနိုင်ဖြစ်နေတာကို ဦးက အလိုက်သတိ လှမ်းမေး၏။ ဘာပြောမလို့လဲ ဆိုတော့လည်း ကိုယ့်မှာ ပြောဖို့ကို အစကနေ ပြန်တွေးရသည်။
'အရင်လဖွင့်ပွဲနေ့က ဦးမိတ်ဆက်ပေးတဲ့ ကောင်မလေးလေ..'
စပြောတော့လည်း ထစ်ထစ်ငေါ့ငေါ့နှင့် အဆုံးထိမရောက်ပဲ ရပ်တန့်သွားမိ ပြန်သည်။ ဦးကဘယ်လို ထင်သွားသည်မသိ မျက်နှာပျက်သွားပြီး..
'ဘာဖြစ်လို့လဲ ထားရယ် ကောင်မလေးက အေးအေးလေးမို့ ဦးက ရင်းနှီးသွားတာပါ'
'မဟုတ်ဘူး ဦးရဲ့.. ဦးထင်လိုက်သလို မဟုတ်ဘူး သောကဖြူဆိုတာက ကိုမိုးသမီးလေးပါ သူ့အဖေနဲ့ အထင်လွဲပြီး အဆက်သွယ် ပြတ်နေတာ ပြန်တွေ့တော့ ဦးဆီမှာမို့လို့ အကူညီ တောင်းချင်လို့ပါ'
ဝိုင်းစက်ပြူးကျယ် သွားတဲ့မျက်လုံးတွေကို မသက်မသာ မျက်နှာလွဲ လိုက်ရသည်။
'ပြောလေထား ဦးဘယ်လို ကူညီရမှာလဲ အဲ့တာကြောင့် တစ်မျိုးလေးလို့ ထင်မိသားပဲ'
'တခြား ထွေထွေထူးထူး မဟုတ်ပါဘူး ဦးတို့ဆီ နေတယ်ဆို စောင့်ရှောက် ထားပေးဖို့ပါပဲ'
'ထားစိတ်မပူပါနဲ့ ဦးက ဒီကောင်မလေးကို မြင်ကတည်းက ရင်းနှီးတာ သားအဖတွေ ဘယ်လို မပြေလည်တာလဲ မသိပေမဲ့ သောက အေးအေးဆေးဆေး နေတတ်တဲ့ မိန်းကလေးပါ.. လိုနေတာကို လိုမေတယ်လို့ မတောင်းတတ် လောက်အောင် အေးတာ'
ESTÁS LEYENDO
ကိုယ့်အတွက် အရာရာ
Romanceမိန်းကလေး တစ်ဦးက ကိုယ်ချစ်တဲ့သူကို ချစ်တယ် ဆိုတာ.. ဘယ်လောက်ထိ ဘယ်အထိ ပေးဆပ်နိုင်တာလဲ ဆိုတော့.. သောကဖြူ ဆိုတဲ့ မျိုသိပ်နိုင်လွန်းလို့ ခံစားချက်သေသလို ဖြစ်နေတဲ့ မိန်းကလေးဟာ.. သူမှသူ သူပဲ အောင်မြင်ချင်တယ် သူပဲ ရယူချင်တယ် အရှုံးမပေးနိုင်ဘူး ဆိုတဲ့ ရုပ်...