အပိုင်း-၇ ၊ ၈

1K 124 2
                                    

ကိုယ့်အတွက် အရာရာ.. (အပိုင်း-၇)
±±±±±±±±±±±±±±±±±±±±±

   'ဟာ! မင်းသားကွာ မြတ်နိုးတဲ့မျက်နှာ ချစ်နေတဲ့ခံစားချက် ဘာမှမပါဘူး ဒိုင်ယာလော့တွေပဲ ထွက်လာတယ် ခဏနားမယ်ဟေ့!´

   ဒါရိုက်တာရဲ့ အလိုမကျသံက သာသာယာယာလေး မဟုတ်..၊ ဘယ်လိုမှ ဈာန်ဝင်စားလို့ မရတဲ့ သူ့ကိုကျတော့ နားလည်ပေးမဲ့သူ တစ်ယောက်မှ မရှိပဲ..၊
   မင်းသူက မျက်နှာပျက်ပျက်ဖြင့် အနားမှာ လာထိုင်ပြီး..

   'ဒါရိုက်တာ စိတ်တိုသွားတာ မမှားဘူး မင်းကိုက မဒီ့ကို ကြည့်နေတာ ထသတ်တော့မယ့် ဒီဇိုင်းနဲ့.. မျက်မှောင်က ကုတ်ထားသေးတယ်´

   'ဟုတ်တယ် ဘာဖြစ်မှန်းမသိပါဘူးကွာ.. စိတ်နှစ်လို့ မရဘူး ဖြစ်နေတာ ခဏခဏဆိုတော့ မင်းသမီးကလည်း တင်းလာပြီ´

   ဖြူ့ကို သတိရနေတာလား လို့ပြောလိုက်ရင် မဟုတ်ဘူးလို့ ထငြင်းအုံးမှာ သေချာသည်။ အာရုံဝင်စားလို့ မရအောင် သတိရနေတာကို ဝန်မခံပဲနဲ့ အကုန်လုံး ကမောက်ကမတွေ ဖြစ်နေသည်။

   'မင်းဘာဖြစ်နေတယ်ဆိုတာ ဖြူဆိုရင်တော့ ဒက်ခနဲ သိမှာပဲ´

   အလိုမကျတဲ့ မျက်ဝန်းက ဒိုင်းခနဲ အရင်ရောက်လာပြီး..

   'အဟွန့်! မင်းက သူ့ကိုအထင်ကြီး လွန်းတာပါ ငါတောင် ငါခံစားနေရတာကို သေချာမသိတာ´

   'မင်းမသိပေမဲ့ သူသိသွားတာတွေ အများကြီးရှိဖူးတာ မမေ့နဲ့လေ၊ ဘေးကကြည့်နေတဲ့ လူက ပိုမြင်တတ်တယ်´

   'ထားပါတော့.. ´

   'မင်းဒီလောက် ဖြစ်နေတာ ဖြူ့ကိုပြန်ရှာချင်လား မင်း မအားဘူးဆိုရင် ငါရှာပေးမယ်´

   'မလိုဘူး! ငါဘာဖြစ်နေလို့လဲ ငါဖြစ်သမျှလည်း သူနဲ့မဆိုင်ဘူး ငါ့ဖာသာ နေပါရစေကွာ´

   မလိုဘူးလို့ ပြောလိုက်ပေမဲ့.. မျက်လုံးထဲက အမှန်တရားတချို့ကို ကာကွယ်လို၍ မင်းသူကို ကြည့်နေရာမှ မျက်နှာလွဲ လိုက်မိသည်။

   'ဖြိုး မင်းမန်နေဂျာရွေးတာကလည်း တော်ရုံပေါ့ကွာ၊ မင်းရဲ့ မသိစိတ်ထဲကနေ ဖြူနဲ့သွားနှိုင်း နေလို့တော့ မရဘူးလေ တူမလား´

ကိုယ့်အတွက် အရာရာDonde viven las historias. Descúbrelo ahora