ကိုယ့်အတွက် အရာရာ.. (အပိုင်း-၃)
---------------------------------------အရာရာကို ကံတရားလို့ သတ်မှတ်တတ်တာကို ဖြူမနှစ်သက်..၊
မေမေက ဖေဖေမချစ်တာကို ကံတရားလို့ သတ်မှတ်သည်။ မချစ်တဲ့သူနားမှာ ဘဝကို ပေးဆပ်ပြီး နာကျင်မှုတွေနဲ့ နေသွားရတဲ့မေမေ့ကို သနားပေမဲ့ ချီးကျူးဖို့ မထိုက်တန်ဘူးလို့ ထင်သည်။
မေမေဆုံးတော့ ဖြူက အသက်နှစ်ဆယ်..၊ ဖေဖေကလည်း မေမေဆုံးတာနဲ့ ငယ်ချစ်ဦးဆိုတဲ့ သမီးတစ်ယောက်ရှိတဲ့ အမျိုးသမီးကို လက်ထပ်ဖို့ စီစဉ်သည်။
ဖေဖေ ဒီအကြောင်း လာပြောတော့ တားဖို့ဖြစ်စေ ကြည်ဖြူဖို့ ဖြစ်စေ စိတ်မကူးခဲ့ပဲ အိမ်မှာ မနေတော့ဘူး ဆိုတဲ့ အကြောင်းသာ ပြောဖြစ်ခဲ့၏။ သုံးနှစ်လုံးလုံး ဖေဖေနဲ့ မတွေ့ဖြစ်ပေမဲ့ ဖုန်းနဲ့တော့ အဆက်သွယ် မပြတ်ခဲ့ပေ။
သတိတရမရှိပေမဲ့ ဘယ်လိုနေမလဲလို့ တွေးမိသည်။ သို့သော် မိန်းမနဲ့ သမီးနဲ့ ရှိနေတဲ့ဘဝမှာ ဖေဖေအဆင်ပြေမှာပါ။'ဖြူ နင့်အလှည့်ရောက်တော့မယ်နော်.. အသင့်ပြင်ထားတော့´
'ရပါတယ် ငါက သီချင်းဆိုရုံပဲကို..´
သူမ စင်ပေါ်ရောက်သွားတာနဲ့ စင်ကို မီးရောင်မှိန်လိုက်သည်။ ဂစ်တာလက်သံ တစ်ချက်စမ်းလိုက်ပြီး သီချင်းစဆိုတော့..တစ်ဆိုင်လုံး ငြိမ်ကျသွားသည်။
သီချင်းအေးအေးလေးတွေချည်းပဲ ဆိုနေတာပေမဲ့ မကောင်းဘူး ဘာညာဆိုတာမျိုး ဘယ်တုန်းကမှ မကြားခဲ့ဖူးပေ။
လစာပဲယူမယ် ဆုချီးမြှင့်ခြင်းရဲ့ နောက်ပိုင်းကိစ္စရပ်များကို လုံးဝစိတ်မဝင်စားပါဟု ဆိုင်ရှင်နှင့် အလဲအလှယ်လုပ်ထားသည်မို့ ဧည့်သည် ဘာညာဆိုတာမျိုး တွေးပေးဖို့မလိုပဲ သီချင်းဆိုပြီး ပြန်ရုံပင်..၊
စင်ပေါ်က ဆင်းလာပြီး ဂစ်တာကို အခန်းထဲမှာ ထားလိုက်ပြီး ထီးယူကာ ထွက်လာတော့ ခြံဝင်းအပြင်မှာ မရင်းနှီးတဲ့ မျက်နှာတစ်ခုက စောင့်နေသည်။
အနားရောက်သွားတော့ ကိုယ့်ကို ဓာတ်ပုံတစ်ချက် ရိုက်လိုက်ရင်း..'ဒီကညီမက မင်းသားလင်းရိပ်ဖြိုးရဲ့ မန်နေဂျာလုပ်ဖူးတယ်နော်.. ညီမနဲ့ ဘာမှမပတ်သတ်ဘူးလို့ မင်းသားက ပြောသွားပေမဲ့ ညီမဘက်ကကော ဘာပြောစရာရှိလဲ ညီမကို မနစ်နာစေချင်လိုပါ´
ŞİMDİ OKUDUĞUN
ကိုယ့်အတွက် အရာရာ
Romantizmမိန်းကလေး တစ်ဦးက ကိုယ်ချစ်တဲ့သူကို ချစ်တယ် ဆိုတာ.. ဘယ်လောက်ထိ ဘယ်အထိ ပေးဆပ်နိုင်တာလဲ ဆိုတော့.. သောကဖြူ ဆိုတဲ့ မျိုသိပ်နိုင်လွန်းလို့ ခံစားချက်သေသလို ဖြစ်နေတဲ့ မိန်းကလေးဟာ.. သူမှသူ သူပဲ အောင်မြင်ချင်တယ် သူပဲ ရယူချင်တယ် အရှုံးမပေးနိုင်ဘူး ဆိုတဲ့ ရုပ်...