အပိုင်း-၁၉ ၊ ၂၀

799 91 0
                                    

ကိုယ့်အတွက် အရာရာ.. (အပိုင်း-၁၉)
+++++++++++++++++++++

   'မင်းသား.. ထတော့..'

   'ဟမ်!.. ဘာ.. ဘယ်နှစ်နာရီ ရှိပြီမို့လဲ'

   စားပွဲပေါ်က နာရီကို လှမ်းကြည့်တော့ မနက်ငါးနာရီ အတိ..၊

   'ဟာ.. ဘာလဲ သော်.. ငါးနာရီပဲ ရှိသေးတယ်'

   'အခန်းထဲ ဝင်ခဲ့မယ်..'

   'အခန်းတံခါးတောင် ဖွင့်ပြီးမှ ဝင်ခွင့်တောင်း နေတာလား.. တစ်အိမ်လုံး သော့တွေ မင်းကို မကိုင်ခိုင်းတော့ဘူး'

   'မင်းသား အိပ်ခဲ့တာ တစ်နှစ်ကျော်ပြီ ထပ်အိပ်အုံးမယ် ဆိုရင် မင်းသား ဖြစ်ချင်တယ်လို့ ထပ်မပြောနဲ့တော့..'

   'ထပြီး ငါဘာလုပ်ရမှာလဲ'

   'ဒီနေ့က စပြီး.. ဒီအချိန်ဇယားအတိုင်း လုပ်ကြတာပေါ့.. အချိန်တစ်ခုတိုင်းမှာ ဆရာတွေ ရှိတယ်..'

   လှမ်းပေးလာတဲ့ စာရွက်ကို တစ်ချက်ကြည့်မိရင်း..

   'အခုကောလား..'

   'ဟုတ်တယ်.. အစားသောက်ကိုလည်း အချိန်ဇယားနဲ့ စားဖို့ ဆရာဝန်နဲ့ ဆွေးနွေးထားတယ်'

   မနက်ငါးနာရီထပြီး အားကစား လုပ်ခိုင်းတာကို ဆိုးဆိုးရွားရွား မနှစ်သက်ပေမဲ့ စီစဉ်သူက သူမဖြစ်နေသော အခါ..၊

   'သော်.. ငါ့အချိန်ဇယား ထဲမှာ စပီကင်းတွေ ပါထည့်ထားတာလား.. ဘာဆိုင်လို့လဲ'

   'လိုလို့ ထည့်ထားတာ မင်းသားအတွက် လိုနေတာ မှန်သမျှ အကုန် ဖြည့်ထားရမှာ.. ပြီးတော့ မင်းသားကြိုးစားနေတာကို မှတ်တမ်းတင်ဖို့ ကင်မရာသမား ငှားထားတယ်'

   'ငါ့ရဲ့ လက်ကျန်ပိုက်ဆံတွေကို ဖြုန်းနေတာတော့ မဟုတ်ပါဘူးနော် နောက်ကော ဘာကျန်သေးလဲ..'

   'ကျန်သေးတယ် မင်းသားရဲ့ ပြီးပြည့်စုံမှု တွေကို အသုံးချဖို့ ကျွန်မကြိုးစားရမှာ..'

   'ငါမအောင်မြင်ခဲ့ပဲ ငါ့ပိုက်ဆံတွေ ကုန်သွားရင်ကော..'

   'စာချုပ်ပါ အချက်အလက်အတိုင်း သုံးဆ ပြန်လျော်ပေးမယ်'

   ရှပ်အင်္ကျီရယ်..၊ ဂျင်းဘောင်းဘီရယ်..၊ သူမ စတိုင်က ဘာမှမပြောင်းလဲ သွားသေးပေ။

ကိုယ့်အတွက် အရာရာTahanan ng mga kuwento. Tumuklas ngayon