အပိုင်း-၂၃ ၊ ၂၄

857 93 0
                                    

ကိုယ့်အတွက် အရာရာ.. (အပိုင်း-၂၃)
+++++++++++++++++++++

   'သမီး တော်သင့်ပြီလို့ ဖေဖေထင်တယ်.. သူ့လမ်းကြောင်းပေါ် သူပြန်ရောက် နေပြီပဲ'

   ထိုင်နေရာမှ ခါးကို ခပ်မတ်မတ် ပြင်ထိုင်လိုက်ကာ တစ်ခုခုပြောဖို့ အားယူနေတဲ့ သမီးကို အားမလို အားမရ ဖြစ်မိပေမဲ့..

   'တစ်နှစ်ပြည့်ရင် သော ရပ်လိုက်မှာပါ တစ်နှစ်တော့ ဖေဖေစောင့်ပေးပါ.. မင်းသားက လမ်းကြောင်းပေါ် ရောက်နေပေမဲ့ ပြေးဖို့လိုသေးတယ်.. မင်းသားကို မထားခဲ့ နိုင်သေးဘူး'

   'သမီးက လင်းရိပ်ဖြိုးကို ဘယ်လို ဖြစ်စေချင်တာလဲ သူများ လိုက်မမှီတဲ့ နေရာမှာ ထားခဲ့ချင်တာလား'

   ဒါကိုကျတော့ ဆတ်ခနဲ ခေါင်းညိတ်လိုက်တာ ဘယ်မျက်နှာကိုမှ ငဲ့မကြည့်..

   'ဖေဖေပြောတာ တစ်ဝက်တော့ မှန်တယ် မင်းသားအတွက် ဒါရိုက်တာကောင်း တစ်လက်နဲ့ လက်တွဲစေချင်တာပါ ဖေဖေ လက်ညိုး ထိုးလိုက်တာနဲ့ မင်းသားကို လက်ခံပေးကြမယ့် ဒါရိုက်တာတွေ ရှိတာ သောသိတယ် သောလိုချင်တာ အဲ့လို မဟုတ်ဘူး မင်းသားကို သေချာလက်တွဲပြီး ညွှန်ပြ ပေးနိုင်မယ့် သူမျိုး.. လိုချင်တာ'

   ဖေဖေ့ မျက်နှာကြီး မဲ့ကျသွားပြီး..

   'လင်းရိပ်ဖြိုးက ပရိသတ်နဲ့ ထိတွေ့နှုန်း ကျသွားတာ သမီးသိမှာပါ.. သူများ လိုက်မမှီနိုင်တဲ့ နေရာမှာ ပြန်ထားဖို့ သမီးရဲ့ အချိန်တွေကို ဘယ်နှစ်နှစ် အတိုင်းတာလောက် ထပ်သုံးအုံးမှာလဲ'

   ဒါကိုတော့ သူမ ခေါင်းယမ်းလိုက်ရင်း..

   'နောက်ထပ် ခြောက်လပါပဲ နှစ်တွေ အများကြီး မလိုပါဘူး မင်းသားက ဖေဖေ ထင်တာထက် ပိုကံကောင်းပါတယ်'

   'သမီး လက်ခံချင်မှာ မဟုတ်ပေမဲ့ သမီးလိုက်နေတဲ့ ဒါရိုက်တာ ရှိတယ်လို့ ဖေဖေကြားတယ် သူက ဖေဖေ့ အပိုင်ထဲက မဟုတ်ဘူး.. ဒါပေမဲ့ သမီး ဒီတိုင်း လိုက်နေတာ ထက်စာရင် ဖေဖေနဲ့ အရင် တွေ့လိုက်တော့ သမီး လျှောက်မယ့်လမ်းက ပိုအဆင်ပြေ သွားမယ်လို့ ဖေဖေထင်တယ်'

   သူမလုပ်နေတာတွေကို အဖေဖြစ်သူ သိနေလို့ စိုးရိမ်သွားတာ အံ့ဩသွားတာ ဘာမှမပါတဲ့ မျက်လုံးတွေနဲ့ ကြည့်လာပြီး ဘာမှ မဟုတ်သလို မျက်နှာ ပြန်လွဲသွားသည်။

ကိုယ့်အတွက် အရာရာWhere stories live. Discover now