အပိုင်း-၃၅ ဇာတ်သိမ်း

2.4K 176 28
                                    

ကိုယ့်အတွက် အရာရာ.. (အပိုင်း-၃၅)
+++++++++++++++++++++
ဇာတ်သိမ်း
++++++

   ငါးနှစ်ရှိပြီသော်..၊
   ရူးလောက်အောင် လွမ်းနေဆဲ..သော်၊
   မတော်တဆပဲ ဖြစ်ဖြစ် သူ့ဘဝထဲ ပြန်ရောက် လာမလား ဆိုတဲ့အတွေးက မဝံ့မရဲပေမယ့် တီးတိုးမျှော်လင့်မိနေဆဲ..၊
   နှစ်တွေ ကြာလာလို့ ရင့်ကျက်လာခြင်းက မင်းအကြောင်း တွေးလိုက်တိုင်း.. ငါနဲ့ ဘာမှမဆိုင် သလိုမျိုး..၊ မင်းကောလို့ ငါမမေးရဲဘူး.. သော်၊

   'မင်းသား အခုထိ တစ်ယောက်တည်း ဖြစ်နေရတဲ့ အကြောင်းကို ပရိသတ်တွေ သိချင်နေတယ် တစ်ခုခု ဖြေပေးပါအုံး'

   ဆိုတဲ့ အလားတူ မေးခွန်းတွေကို တခြားမင်းသားတွေလို ရယ်ရယ်မောမော မဖြေနိုင်ပေးပါ..။ သူမက ဘယ်သူဘယ်ဝါလို့ မပြောဖြစ်ပေမဲ့..

   'ကျွန်တော့် ဘဝထဲကို ဘာမှမပါပဲ ဝင်လာပြီး.. ကျွန်တော့မှာ ရှိတဲ့အရာတွေ အကုန်လုံးယူသွားတဲ့ မိန်းကလေးကို ကျွန်တော် စောင့်နေတာ..'

   ရင်နဲ့ရင်းပြီး ဖြေထားတယ် သော်..၊ မင်း သိနိုင်ပါစေ။
   မင်း ကိုယ့်နားမှာ မရှိပေမဲ့.. စက်ရုပ်လိုမျိုး.. ကိုယ် အသက်ဆက်ရှင် နေပါတယ်..၊
   မသေချာပေမဲ့ ပြန်လာမလား ဆိုတဲ့ အတွေးတွေက မငိုသင့်တဲ့ အကြောင်းရာအတွက် မျက်ရည်တော့ ဝဲမိစေတုန်း.. သော်၊
   မင်းပြန်လာမှာပါ ဆိုတဲ့ မျှော်လင့်ချက်လေး တစ်ခုသာ မရှိနေရင် အခုချိန်ထိ ကိုယ်ရပ်တည် နေဖို့ မလွယ်ဘူး..သော်၊

   'အစ်ကိုလေး.. စောင့်နေကြပြီ.. အပြင်ထွက်တော့မလား..'

   နောင်နောင် လာပြောမှ ကားထဲကနေ အပြင်သို့ ထွက်လာခဲ့ လိုက်သည်။ ဒီနေ့က အဆိုတော် ငယ်ဖူးငုံရဲ့ တေးအယ်လ်ဘမ် လက်မှတ်ထိုးပွဲ..၊ သူ သရုပ်ဆောင်ထားတဲ့ သီချင်းတွေချည်းပဲမို့ သူ လာပေးတာ..၊

   လက်မှတ်ထိုး ခုံနားရောက်တော့.. ခြေလှမ်းတွေ တုံ့သွားသည်။
   အချိန်တောင် မစသေးဘူး လူတွေက ဒီလောက် များနေတာလား..၊
   နေရာမှာ ဝင်ထိုင်လိုက်တော့မှ နောင်နောင်က အနားရောက်လာကာ..

   'အစ်ကိုလေး.. ဒီမှာ ပရိသတ်တွေက အစ်ကိုလေး အတွက် လက်ဆောင်တွေ.. အစ်မတစ်ယောက်က ဒီစာလေးပေးလိုက်တယ် ကျွန်တော် အဲ့အစ်မကို ရင်းနှီးသလိုပဲ.. လူတွေ ရှုပ်နေလို့ သေချာ မကြည့်လိုက်ရဘူး'

ကိုယ့်အတွက် အရာရာWhere stories live. Discover now