ကိုယ့်အတွက် အရာရာ.. (အပိုင်း-၂၅)
+++++++++++++++++++++'သူက ပီပါတယ် ပိုင်ပါတယ် ဆိုတဲ့ပုံစံနဲ့ လုပ်ထားတာ.. သူလုပ်ပေးတာပါ ဆိုပြီးနောက်ကွယ်ကနေ ဟားနေမှာ'
သမီးလုပ်သူရဲ့ ခေါင်းကော ခြေလက်တွေကော အငြိမ်မနေပဲ ပြောနေတာကို စိတ်ညစ်စွာ သက်ပြင်းလေးတောင် မချနိုင်တော့..၊
သို့သော် ပြောစရာ ရှိတာတော့ ပြောရမည်မို့ ခါးကို မတ်မတ်ဆန့် လိုက်ပြီး..'အဲ့လို ဟားတော့ကော သူက ဘာရမှာမို့လို့လဲ ရိုးရိုးလေးပဲ တွေးစမ်းပါ သမီးကို မကောင်းစေချင်ရင် တစ်ခွန်းမှ မဟပဲ နေလိုက်လို့ရတယ် လုပ်ကြည့်ပါ စမ်းပေးကြည့်ပါလို့ ပြောပေးပေမဲ့ ကျန်တာကို သမီးကိုယ့်ဖာသာ ကြိုးစားရတာလေ..'
နောက်ထပ် တစ်ကြိမ် ပြောတော့လည်း.. ခေါင်းခါယမ်း လိုက်ပြီး..
'ငယ် ကြိုးစား ထားတာတွေက သူပြောပေးလို့ရတာ ဆိုတဲ့ စကားအောက်မှာ ပျောက်သွားမှာ..'
'သမီး ဒီလို အတွေးခေါင်နေတော့ကော သူက ဘာပြန်လုပ်ပေးလို့ ရမှာလဲ.. နောက်ဆို မပြောပေးတော့ပါဘူး ဆိုတာကလွဲရင် လုပ်ပြီးသား အရာကို ပြုပြင်ယူလို့ မရဘူးသမီး လက်ခံနိုင်ဖို့ပဲ စဉ်းစားရမှာ..'
'ငယ် လုံးဝ မကျေနပ်ဘူး.. ငယ်အများကြီး ကြိုးစားထားတာ.. ဘာလို့ သူက ငယ့်ကိစ္စကို ဝင်ပါရတာလဲ'
မဟုတ်ဘူးလို့ ဘယ်လိုပြောပြော ဟုတ်နေတဲ့ အကြောင်း ဆင်ခြေတွေ အများကြီး ပေါ်လာအုံးမည်မို့ စကားပြောတဲ့ ဆီက ထရပ်လိုက်သည်။
သမီးဖြူက အိမ်မှာ မနေပေမဲ့ သူမရဲ့အဖေတော့ ရှိနေသည်မို့ သားအမိနှစ်ယောက် စကားပြောတာ စာကြည့်ခန်းထဲမှာ..၊
မျက်ရည်တွေ စိုလူးနေတဲ့ မျက်ဝန်းတို့က စူးလက်နေတာ လန့်စရာ ကောင်းနေ၏။
တကယ်ဆို ဒီလို ဖြစ်စရာ လိုလို့လား.. ကိုယ့်သမီး ဆိုပေမဲ့ တလွဲတွေ တွေးနေတော့ သမီးဘက်သို့ မလိုက်နိုင် ဖြစ်ရသည်။
ဟိုက ပြောပေးထားတယ် ဆိုပေမဲ့ ငါပြောပေးထားတာ ဆိုပြီး ဆက်ဆံနေတာ ရှိလို့လား..၊ တကယ်ဆို ကိုယ်ကတောင် ကျေးဇူးတင် သင့်သေးတာ..၊
သမီးလေး မာနကြီးမှန်း သိပေမဲ့ သူမနဲ့တော့ မယှဉ်ပြိုင်စေချင်..၊ အရေးကြုံလို့ ဖေဖေ တစ်ခွန်းမဟ လိုတဲ့ သူမနဲ့ ပြိုင်နေရင် သမီးလေး မောသွားမှာ စိုးလို့..၊
VOCÊ ESTÁ LENDO
ကိုယ့်အတွက် အရာရာ
Romanceမိန်းကလေး တစ်ဦးက ကိုယ်ချစ်တဲ့သူကို ချစ်တယ် ဆိုတာ.. ဘယ်လောက်ထိ ဘယ်အထိ ပေးဆပ်နိုင်တာလဲ ဆိုတော့.. သောကဖြူ ဆိုတဲ့ မျိုသိပ်နိုင်လွန်းလို့ ခံစားချက်သေသလို ဖြစ်နေတဲ့ မိန်းကလေးဟာ.. သူမှသူ သူပဲ အောင်မြင်ချင်တယ် သူပဲ ရယူချင်တယ် အရှုံးမပေးနိုင်ဘူး ဆိုတဲ့ ရုပ်...