ကိုယ့်အတွက် အရာရာ.. (အပိုင်း-၁၇)
+++++++++++++++++++++'ဖေဖေ! သော မင်းသား အခြေနေသိချင်တယ်'
သတိရရလာချင်း မေးလိုက်တာက အဲ့ဒီစကား..၊ ပျက်သွားတဲ့ စေ့စပ်ပွဲအတွက် မျက်နှာ မပျက်ရအောင် ရှင်းလိုက်ရတာတွေက နည်းနေသေးလို့လား..၊
ထားသူငယ်ချင်းမို့လို့သာ တော်တော့သည်။'သမီးမှာ အဲ့လို အဖြစ်ပျက် ဖြစ်ထားမှန်း လုံးဝမသိပါဘူး အခုသားပြောပြမှ သိတာပါ ဦးနားလည်ပါတယ် အပိုင်မရဘူး ဆိုရင်တောင် ခင်မင်နေရလည်း ကျေနပ်ပါတယ် သမီးသတိရ လာရင်သာ ဆူမိပြောမိတာမျိုး မလုပ်ပါနဲ့'
မျက်နှာပျက် နေပေမဲ့ နားလည်ကြောင်းသာ ပြောပြီး နောက်ဆုတ်သွားခဲ့၏။
'သမီး မတော်သေးဘူးလား ဖေဖေ့ကို မျက်နှာပျက် အရှက်ရအောင် လုပ်နေတာတွေ မတော်သေးဘူးလား'
'သော မေးတာကို အရင် ဖြေပေးပါ ဖေဖေ'
'သမီးရဲ့ မင်းသား မရှိတော့ဘူး ဆိုရင်ကော..'
'မဖြစ်နိုင်တာ.. မဟုတ်ဘူး.. မရှိတော့ရင်လည်း သောတွေ့မှ ဖြစ်မှာ.. သောသွားကြည့်မယ်..'
ဘယ်နေရာဆိုတာနဲ့ အခုချက်ချင်း ပြေးသွားတော့ မလောက်ထိ လှုပ်လှုပ်ရှားရှား ဖြစ်သွားတဲ့ သမီးရဲ့ အပြုမူတွေ ပူလောင်နေတာကို မြင်ဖူးတာ ပထမဆုံးအကြိမ် ဖြစ်မည် ထင်သည်။ သို့သော် အဖေဖြစ်တဲ့ သူ့အတွက် မဟုတ်ခဲ့ပဲ..၊
'သမီးရဲ့ မင်းသားက တခြား ထိခိုက်တာတွေ မရှိပါဘူး.. ခေါင်းကိုပဲ ထိခိုက်သွားတာ ခွဲစိတ်ပြီးပေမဲ့ သတိမရသေးဘူး.. တစ်ဖက်ကားသမားက ပလက်ဖောင်းပေါ်ကို တက်သွားတယ်ပြောတယ် လင်းရိပ်ဖြိုးကားနဲ့ နည်းနည်းပဲ ထိမိတာတဲ့.. လူရှိတဲ့ဘက်ကို ထိမိလို့ ထိခိုက်သွားတာလို့ ပြောတယ်'
'သော သွားကြည့်မယ်..'
'ဒီတစ်ခါ သမီး မမေ့လဲပါဘူးဆိုမှ သွားကြည့်ပါ အိပ်ယာပေါ် လဲနေတဲ့ လူနာနဲ့အပြိုင် ဖေဖေ သမီးကို မလုချင်ဘူး'
'ကျေးဇူးပါဖေဖေ.. သော မေ့လဲလို့ မဖြစ်မှန်း သောသိပါတယ်'
ESTÁS LEYENDO
ကိုယ့်အတွက် အရာရာ
Romanceမိန်းကလေး တစ်ဦးက ကိုယ်ချစ်တဲ့သူကို ချစ်တယ် ဆိုတာ.. ဘယ်လောက်ထိ ဘယ်အထိ ပေးဆပ်နိုင်တာလဲ ဆိုတော့.. သောကဖြူ ဆိုတဲ့ မျိုသိပ်နိုင်လွန်းလို့ ခံစားချက်သေသလို ဖြစ်နေတဲ့ မိန်းကလေးဟာ.. သူမှသူ သူပဲ အောင်မြင်ချင်တယ် သူပဲ ရယူချင်တယ် အရှုံးမပေးနိုင်ဘူး ဆိုတဲ့ ရုပ်...