ကိုယ့်အတွက် အရာရာ.. (အပိုင်း-၃၁)
+++++++++++++++++++++'သမီးက မင်းဆီမှာလား..'
ဦးမိုးမြင့်သော်ရဲ့ မျက်နှာ ဘယ်လောက်ပဲ ခက်ထန်နေပါစေ.. ဒီမေးခွန်းကို သူမဖြေနိုင်ပါ။
'ကျွန်တော် ဒီမေးခွန်းကို မဖြေနိုင်ဘူး အန်ကယ်.. ကျွန်တော့်ဆီမှာ ရှိတယ် ဆိုရင်တောင် ကျွန်တော် အတင်းခေါ်ထားတာ မဟုတ်ဘူးလို့ပဲ ပြောနိုင်တယ်'
'သမီးက နောက်လထဲကျရင် သွားဖို့ ပြင်ဆင်ပြီးသား.. သူသွားဖို့ကို သူကိုယ်တိုင် ကတိပေးထားတာ သူ့ဖာသာသူဆို ပြောင်းလဲမှာ မဟုတ်ဘူး.. မင်းကသာ သွားမတားမိပါစေနဲ့..'
ရင်ထဲမှာ ဟာသွားသည်။ သူမနဲ့ ပတ်သတ်ပြီး ဘာမှ သိခွင့်မရှိတဲ့ အခြေနေတွေကိုလည်း မကျေမနပ် ဖြစ်မိသည်။
'အဲ့တာက သူ့ဆုံးဖြတ်ချက်ဆိုရင် ကျွန်တော် လေးစားမှာပါ.. အန်ကယ့် ပယောဂ မပါရင်ပေါ့'
သူပြောလိုက်တာကို ဦးမိုးမြင့်သော်က ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီးမှ လက်ကာ လိုက်ရင်း..
'သမီးကို.. ဦးထိန်းချုပ်လို့ ရတယ်ဆိုရင် အခုချိန် သမီးက မင်းအိမ် ရောက်နေတဲ့ အဖြစ်မျိုး.. ဘယ်ဖြစ်လာမှာလဲ မဟုတ်ဘူးလား..'
'အဲ့တာက ဦးအပိုင်းပါ.. ကျွန်တော့ အပိုင်းက သော့်ကို ကျွန်တော့်နားက လာခေါ်တဲ့ ဘယ်သူ့ကိုမဆို ကျွန်တော် တိုက်ခိုက်မှာပဲ.. ကျွန်တော် ပြောဖူးပါတယ် ကျွန်တော့်အတွက် သော်က အရာရာပါ'
'ဒါပေမဲ့.. မင်း မသိတာလား.. ဒါမှမဟုတ် မင်းက သမီးကို နားမလည်တာလား.. သမီးက ဆုံးဖြတ်ပြီးရင် မပြင်တတ်ဘူး..'
'ကျွန်တော်ကလည်း သူဆုံးဖြတ်ထားတာကို အတင်း မတားပါဘူး.. ကျွန်တော့်ကို ထားခဲ့ဖို့ ဆုံးဖြတ်ထားရင် တောင် သူ နာကျင်လောက်တဲ့ အထိ အတင်း ရှေ့မတိုးဘူး.. အဲ့ဒါကြောင့် ကျွန်တော့်ဆီကနေ သူ့ကို လာမလုပါနဲ့'
'ကိုယ်တန်ဖိုး မထားတဲ့ ပန်းက ခြံပြင်ထွက်တော့မယ် ဆိုမှ ငါ့ခြံထဲမှာပဲနေလို့ ပြောနေလည်း အပိုပဲ.. ပန်းက ပန်မယ့်သူကို ရွေးခွင့် မရှိပေမယ့် လူကတော့ ရွေးတတ်တယ်'
VOCÊ ESTÁ LENDO
ကိုယ့်အတွက် အရာရာ
Romanceမိန်းကလေး တစ်ဦးက ကိုယ်ချစ်တဲ့သူကို ချစ်တယ် ဆိုတာ.. ဘယ်လောက်ထိ ဘယ်အထိ ပေးဆပ်နိုင်တာလဲ ဆိုတော့.. သောကဖြူ ဆိုတဲ့ မျိုသိပ်နိုင်လွန်းလို့ ခံစားချက်သေသလို ဖြစ်နေတဲ့ မိန်းကလေးဟာ.. သူမှသူ သူပဲ အောင်မြင်ချင်တယ် သူပဲ ရယူချင်တယ် အရှုံးမပေးနိုင်ဘူး ဆိုတဲ့ ရုပ်...