အပိုင်း-၃၃ ၊ ၃၄

1K 88 1
                                    

ကိုယ့်အတွက် အရာရာ..(အပိုင်း-၃၃)
+++++++++++++++++++++

   စိတ်ထဲ တစ်မျိုး ဖြစ်နေ၍ အိပ်နေရာမှ ထကာ အိမ်ရှေ့ပြေးထွက်ခဲ့ မိတော့ သူမက ခြံပြင်သို့ ရောက်နေပြီ။
   မိုးလင်းခါနီး ဆိုပေမဲ့ မှောင်နေဆဲ မိုးကောင်းကင် အောက်မှာ သူမဘယ်ကို သွားမလိုလဲ..၊
   ဖိနပ်တောင် မစီးနိုင်ပဲ သူမနောက်သို့ ပြေးလိုက်ပြီး လက်ကို လှမ်းဆွဲလိုက်ကာ..

   'သော်!.. နေပါအုံး.. မသွားပါနဲ့'

   'မင်းသား နားမှာ နေရတာ ပင်ပန်းတယ်.. အခုမှပဲ သွားတော့မယ်'

   'ငါ ပြောင်းလဲပေးနေတယ်လေ.. ငါ့ပြောင်းလဲမှုကို အဆုံးထိ ကြည့်သွားပါလား'

   'မကြည့်တော့ဘူး.. အဲ့လို ကြည့်နေရတာလည်း ပင်ပန်းတယ်..'

   သူ့လက်တွေကို အတင်းဆွဲ ဖြုတ်ပြီး.. ရှေ့သို့ ပြေးလုမတတ် သွားနေတာကို သူက နောက်ကနေ လိုက်လာမိ၏။
   သူမက ကားတားပြီး ကားတံခါးကို ဆောင့်ပိတ်လိုက်ကာ.. သူ့ကို လှည့်မကြည့်တမ်း ထွက်သွားသည်။
   သူ ကားနောက်ကနေ ပြေးလိုက်ပြီး အတင်းအော်ခေါ် နေမိ၏။

   'သော်!.. သော်.. ငါ့ကို မထားခဲ့ပါနဲ့..'

   သူ့အသံကို သူပြန်ကြားပြီး ထထိုင်လိုက်တော့.. သူက အိပ်ယာပေါ်မှာ..၊
   ခြုံထားတဲ့ စောင်ကို ဖြစ်သလို ဆွဲခွာလိုက်ပြီး သူမအခန်းသို့ ပြေးလာခဲ့မိသည်။
   ဟင်းလင်းပွင့်ပြီး.. သန့်ရှင်း သပ်ရပ်နေတဲ့ အခန်းကို မြင်လိုက်တော့.. သူ့နှလုံးသားတွေပါ ဟင်းလင်း ပွင့်သွားသကဲ့သို့..၊
   သူမက သူကို အိပ်မက်ထဲကလို ထားခဲ့ပြီလား..၊
   အိမ်အပြင်သို့ ပြေးထွက်လာခဲ့ မိပြီး.. ပန်းပင်ရေလောင်းနေတဲ့ သူမကို မြင်တော့မှ ငိုချင်စိတ်တို့က လှိုက်တက်လာ၏။

   သူမက ပန်းပင်ရေလောင်း နေရာမှ လှည့်ကြည့်ရင်း..

   'ကို ဘာဖြစ်တာလဲ.. ဖိနပ်တောင် မစီးခဲ့ဘူး..'

   သူမကို ကျောနောက်ကနေ တင်းကျပ်စွာ ဖက်ထားမိပြီး..

   'နှုတ်မဆက်ပဲ ထွက်သွားပြီ ထင်နေတာ.. အဲ့လို မလုပ်ပါနဲ့နော်.. ကိုဘာမှ မသိလိုက်ပဲ မထားခဲ့ပါနဲ့.. ကိုယ် ကြောက်တယ်..'

ကိုယ့်အတွက် အရာရာTempat cerita menjadi hidup. Temukan sekarang