Taeyong ရေချိုးခန်းထဲမှာ မျက်နှာသစ်
နေရင်း မျက်လုံးက ဘေဇင်ပေါ်ကဖန်ခွက်
ထဲရှိ သွားတိုက်တံ အပြာနုရောင်လေး...။ဒီလို!!ဟင်း...စိတ်လျှော့..စိတ်လျှော့...
Taeyong စိတ်လျှော့လို့ ကိုယ့်ကိုယ်ကို
အားပေးနေပေမဲ့ စိတ်ကမလျှော့နိုင်..၁လ!
၁လကျော်!၁လကျော်ခဲ့ပြီ..ဒါနဲ့ဆိုဘယ်နှစ်
ခါမှန်းမသိတော့..အဲ့ဒီ Mark ဆိုတဲ့ကောင်
လေးကို သူပြောထားတယ်....ပိုးမွှားတွေနဲ့
ရောဂါကူးစက်နိုင်လို့...သွားတိုက်တံကို သီးသန့်ထားပါလို့!!ပြောတုန်းခဏပဲ..ပြီးရင် Taeyongရဲ့ဖန်ခွက်ထဲ သူ့သွားတိုက်တံပါလာလာထည့်တယ်...။"Hyung ပြီးပြီလား..မပြီးသေးဘူးလား..
ကျွန်တော်နောက်ကျနေလို့..."ကမန်းကတန်းတံခါးဖွင့်ဝင်လာ..
ပြောချင်တာပြောပြီး သူ့ကိုဟီးခနဲရယ်ပြ
လာသောကောင်လေး!သွားတိုက်တံကိစ္စ
တွေးရင်းစိတ်ထဲမှာထောင်းခနဲ!
ထပ်ပြောရင်လဲ အကြီးဖြစ်ပြီး
သည်းမခံဘူးတို့ဘာတို့ ပွစိပွစိက
ပြောဦးမယ်...။အိပ်ယာနိုးနိုးချင်းပုံစံက
အဲ့လို နုဖတ်နေဖို့လိုလို့လား..ဆံပင်တွေက
ငှက်သိုက်ဖြစ်နေပေမဲ့...တကယ်ချစ်ဖို့
ကောင်းနေစရာလိုလို့လား...။Mark အခန်းထဲဝင်လာကတည်းက သူ့ကို
သွားတိုက်တံကြီးပါးစပ်ထဲကိုက်ထားပြီး
ကြည့်နေသော Taeyong ကို မှန်ကနေ
တဆင့်မြင်လိုက်ရတော့..ပါးစပ်ထဲကငုံ
ထားတဲ့ရေတွေတောင် အလိုလျှောက်
ထွက်ကျကုန်သည်။"Hyung..Wae?"
Taeyong ခေါင်းသာတွင်တွင်ခါရင်း
ဖန်ခွက်နှင့်ပလုတ်ကျင်းကာ သက်ပြင်းတွေ
ချပြီး ရေချိုးခန်းထဲကထွက်လာခဲ့လိုက်
သည်။*ဒုတ်ဒုတ် ဒုတ်ဒုတ် ဒုတ်ဒုတ်*
"ဟာကွာ!!ကြားနေရပြန်ပြီ သေရင်လဲ
သေလိုက်တော့.."Taeyong စိတ်ပေါက်ပေါက်နဲ့ Mark
ရဲ့စာကြည့်စားပွဲပေါ်က Mark အသေးစား
လေးရဲ့ပုံကို လေဆာအကြည့်တွေပစ်လွှတ်
လိုက်သည်။ ခုတလော
တဒုတ်ဒုတ်နဲ့မြည်နေတဲ့အသံကလဲ အမှန်
ပြောရရင် ဒီကောင်လေးနဲ့စတွေ့မှကြား
လာရတာ...ECG သွားရိုက်တော့လဲ...
ဆရာဝန်က ကျန်းမာတာဒေါင်ဒေါင်မြည်
တယ်တဲ့...ဘာကြောင့်ကြားနေတဲ့အသံ
မှန်းကိုမသိတာ...။
YOU ARE READING
MY HALF
FanfictionI hate you!ကျွန်တော့်ကို Hyung လိုများထင်နေလား..ကျွန်တော် Gay မဟုတ်ဘူး...။ MARK LEE♥ ကို...တောင်းပန်ပါတယ်..ကို့မှာဒီစကား အပြင်ပြောစရာမရှိတော့ပါဘူး...။ ကိုမင်းကိုချစ်တယ်..Minnie..။ ...