Mark...အိပ်ယာမှ တအင်းအင်းတအဲအဲ
ဖြင့် ထလာသည်...အညိုရောင်ဆံပင်တို့
သည် အနက်ရောင်သို့ပြောင်းလဲနေကာ...
ငှက်သိုက်ပုံဖြစ်နေသည်...။
အကြောင်းအရင်းမှာ လူကြီးများအမြင်ကြည်
ဖို့ပင်...မျက်နှာကျက်ကိုကြည့်တော့...နို့စိမ်းရောင်
မျက်နှာကျက်လေး...ဘေးပတ်ဝန်းကျင်ကို
ကြည့်တော့ ပန်းနုရောင်ပေါ်တွင် ဝါးရွက်စိမ်းလေးများဖြင့်တန်ဆာဆင်ထား
သောအခန်းငယ်...။"အာ ဟား...ဟုတ်တယ်..ဟုတ်တယ်
အဘွား..မေမေက..... ..... ....."တစ်စွန်းတစ်ဖျားကြားနေရတဲ့ Yong ရဲ့
အသံကြောင့် အူတူတူအခြေအနေမှ
လွတ်မြောက်ကာ သတိရမိသည်က
သူအခု Yongတို့အဘိုးအဘွားတွေရဲ့
အိမ်မှာဖြစ်သည်...။
နာရီကိုကြည့်တော့ မနက် ၈ နာရီကျော်....
Yong တို့မိသားစုက မနက်၇နာရီဆိုလျင်
အမြဲနိုးနေကြဖြစ်သည်...။မျက်နှာ ကမန်းကတန်း သစ်ကာ...
မိသားစုတွေစုံခါနီးနေသော မနက်စာထမင်း
ဝိုင်းကိုပြေးရသည်...။ အဲ့ဒီ Yong ဟာလေ
သူ့ကိုမနှိုးသွားဘူး။"ကောင်းသောမနက်ခင်းပါ...အဘွား...
အဘိုး...အန်တီ...ဦးလေး...အစ်မတို့""Oh...မင်ဟျောင်းလေး...လာပြီလား
အိပ်ရေးမှဝရဲ့လား..."Yong အစ်မက ဟင်းရည်အိုးကိုမွှေနေရင်း
မှနှုတ်ဆက်လာသည်...။"လာ...သားလေး...BananaMilk လာ သောက်ချေ...ကြည့်ပါဦး ငှက်သိုက်ဆံပင်
နဲ့..."Yong မေမေက ကမ်းပေးသော Banana
Milk ဗူးကို Yong ကတစ်ဆင့်ခံအနေဖြင့်
ယူပေးသော်လည်း Mark...Yong မေမေ
ဆီကိုသာတိုက်ရိုက်သွားယူလိုက်သည်...။
ဤနည်းဖြင့် သူကောက်ကြောင်းပြရတာ
ပေါ့...။Yong ကတော့နှုတ်ခမ်းထော်ကာဖြင့်
သူ့ကိုမျက်လုံးစွေကြည့်သည်...။ထော်ပေါ့
မနက်ကမနှိုးသွားတာဘယ်သူလဲ....။"ဒါဆို Minhyung လေးက နောက်နှစ်
Second year ပေါ့...""ဟုတ်ကဲ့...အန်တီ"
"အင်း...အန်တီတို့ Taeyongie လေးလဲ
နောက်နှစ်တက်ပြီးရင် ကျောင်းပြီးပြီ....""အာ...ဟုတ်ကဲ့..."
Mark ထောက်ခံရုံကလွဲပြီးဘာမှမပြော
တတ်...လူကြီးမိဘတွေနဲ့စကားပြောရတာ
အမှန်ပင်ခက်ခဲသည်...။
YOU ARE READING
MY HALF
FanfictionI hate you!ကျွန်တော့်ကို Hyung လိုများထင်နေလား..ကျွန်တော် Gay မဟုတ်ဘူး...။ MARK LEE♥ ကို...တောင်းပန်ပါတယ်..ကို့မှာဒီစကား အပြင်ပြောစရာမရှိတော့ပါဘူး...။ ကိုမင်းကိုချစ်တယ်..Minnie..။ ...