Taeyong ရေချိုးပြီး အဝတ်အစားလဲပြီး
သည်အထိ အိပ်နေသေးသော
ကလေးငယ်....
Johnny အိမ်မှာစပြီးနေကတည်းက
ကလေးငယ်ကိုအဆောင်မနေခိုင်းတော့...
အိမ်မှာအတူတူနေစေသည်...။အမြဲတမ်းမြင်နေရလေ ပိုချစ်လေဖြစ်နေ
သော သူ့ကိုယ်သူတောင်သောက်မြင်ကတ်
ချင်လာသည်အထိ ကလေးငယ်ကချစ်ဖို့
ကောင်းလွန်းသည်...။
အခုလဲကြည့် အိပ်နေလိုက်တာများ...
ခေါင်းအုံးနှစ်လုံးကိုလက်တစ်ဖက်စီကြားထဲ
ညှပ်ထားပြီး အိပ်ယာပေါ်တွင်
စောင်ကြီးပတ်ကာ ကန့်လန့်ကြီး.....
ဇက်နာတော့မှာပဲ...စောနကတင်သူ့ရင်ခွင်
ထဲအိပ်နေတဲ့ကလေးက...အခုတော့...
တကယ့်ကလေးပါဆိုနေ...။"ကလေး....ကလေး...အူကျူ ကျူးလေး..."
Taeyong ကလေးရဲ့ မက်မွန်သီးလေးကို
ပုတ်၍ အသာနှိုးကြည့်သည်...။"ကလေး...ထတော့လေ...အသဲလေးရေ.."
မရ!!
"ကလေးငယ်...အသဲတုံးလေး...ထတော့"
ပုခုံးလေးကိုအသာပုတ်နှိုးပြန်သည်...။
မရပြန်!!"ကလေးရေ...ကိုကို့အသဲတုံးလေး...
ထပါတော့လို့..."နားနားကိုမတိုးမကျယ်အသံဖြင့်ကပ်အော်
လိုက်သည်...။"ဘာလဲ...ဘာကြီးလဲ...ဘယ်မှာလဲ!!!?..."
အင်...သူလဲဘာမှမပြောရပါပဲ လန့်နိုးလာ
သောကလေးငယ်..."ဘာကိုလဲကလေးရ..."
"အာ....Yong ရာ...နားထဲမှာ ပိုးကောင်လို့
အော်သံကြားလိုက်တာ...ဟင့်...
ဘာကြီးမှန်းလဲမသိဘူး...ပြန်အိပ်ပြီ..."ပြောပြီး စောင်ပုံကြားထဲပြန်ဝင်သွားသည့်
ကလေးငယ်"ဟာ...ဟေ့...ပေါက်စလေး...လိုက်မယ်ဆို"
"ဘယ်မှမလိုက်ဘူး...သွားသွား..."
Taeyong ကလေးငယ်ဂျစ်တိုက်ပုံလေးကို
ချစ်လို့သာစနေခြင်း...ကြည့်ရတာ...
ဒီနေ့သူအလုပ်စဝင်လုပ်မှာကို ကလေးငယ်
လိုက်မယ်ပြောပြီး မေ့နေပြီထင်ပါရဲ့..."ကော်ဖီဆိုင်...တကယ်မလိုက်ဘူးနော်..."
Taeyong သေချာအောင်မေးလိုက်တော့
မျက်လုံးတစ်ဖက်ပွင့်လာကာသူ့ကိုကြည့်
သောကလေးငယ်...သူလဲ မျက်ခုံးပင့်ပြ
တော့မှ
YOU ARE READING
MY HALF
FanfictionI hate you!ကျွန်တော့်ကို Hyung လိုများထင်နေလား..ကျွန်တော် Gay မဟုတ်ဘူး...။ MARK LEE♥ ကို...တောင်းပန်ပါတယ်..ကို့မှာဒီစကား အပြင်ပြောစရာမရှိတော့ပါဘူး...။ ကိုမင်းကိုချစ်တယ်..Minnie..။ ...