Mark လမ်းတစ်လျှောက်က ဆာကူရာပင်
တန်းကြီးကိုငေးမောရင်း ဘေးနားက
ကားမောင်းနေသော Yong ကိုလှည့်ကြည့်
မိသည်...။ကျောင်းပြီးသွားသည်ထိအကြိုအပို့လုပ်ပေး
နေသည်မှာ ယခုဆိုလျှင် Mark နောက်ဆုံး
နှစ်...Yong မေမေကတော့ဘာမှမပြော
ပေမဲ့သဘောကျလှပါချည်ရဲ့ဟူသော
အရိပ်အယောင်မပြ...Yong ဖေဖေကတော့
သူ့ရှေ့မှာတင် Yong ကိုအလေမလိုက်ဖို့
အလုပ်ဝင်လုပ်ဖို့ အချိန်မဖြုန်းဖို့စသည့်
သဘောမကျသောအရိပ်အယောင်များဖြင့်
ပြောတတ်သည်...။ခက်သည်မှာ...ဘာကိုမှဂရုမစိုက်တတ်သော Yong...သူကYong
မိဘနှစ်ပါးကိုအားနာရသည်...။သူတို့အချစ်ကထင်သလောက်ရိုးရှင်းသည့်
အချစ်မဟုတ်၍လည်းဖြစ်မည်...။"Yong..."
"အင်း...ကလေးပြော...ဗိုက်ဆာလို့လား
ဘယ်နားရပ်ပေးရမလဲ..."ခပ်ရွှင်ရွှင်လေသံနှင့်အတူရယ်မောကာဖြင့်
အလိုက်သိလာသော ကျွန်တော့်၏
နှစ်ယောက်မရှိသောလူသား...."မဟုတ်ဘူး...မေးမလို့..."
"မေးတော်မူပါသခင်လေး.."
ရွှတ်နောက်နောက်နဲ့...
"အကောင်းပြောနေတာကို..."
"စတာ...စတာ...မေးလေကလေးငယ်.."
"Yong အလုပ်မလုပ်သေးဘူးလား...."
Taeyong သူ့ကလေးရဲ့မျက်နှာလေးကို
တစ်ချက်လှမ်းကြည့်လိုက်တော့ ပကတိ
ဖြူ စင်သော မျက်ဝန်းလေးများဖြင့်
ကလေးငယ်...
တော်ပါသေးရဲ့...စိတ်ပျက်ခြင်းများမပါလို့..။"ကို ကလေးကိုမှစိတ်မချတာကလေးရ"
"အာ...ကျွန်တော်ကလာမယ့်လဆိုရင်ပဲ
ကျောင်းပြီးပြီဟာကို...Yong အလုပ်ဝင်
တော့လေဗျာ..လူကြီးတွေလဲပြောနေပြီ
ဟာကို..ကြာရင်ကျွန်တော်တို့ကိုရိပ်မိသွား
လိမ့်မယ်..."ကလေးငယ်က စိတ်ပူစွာပြောလာသည်မို့
သိလဲသိပါစေပေါ့ဟူသော သူ့ရဲ့အရွဲ့တိုက်
အတွေးကိုပါးစပ်ကပြောမထွက်မိရန်ထိန်း
ရသည်...။"အင်းပါ...ကိုစဉ်းစားပါ့မယ်..ဒါပေမဲ့
အဲ့အလုပ်က သေချာပေါက်ကလေးနဲ့
အတူတူရှိမယ့်အလုပ်ဖြစ်ရမယ်..."

KAMU SEDANG MEMBACA
MY HALF
Fiksi PenggemarI hate you!ကျွန်တော့်ကို Hyung လိုများထင်နေလား..ကျွန်တော် Gay မဟုတ်ဘူး...။ MARK LEE♥ ကို...တောင်းပန်ပါတယ်..ကို့မှာဒီစကား အပြင်ပြောစရာမရှိတော့ပါဘူး...။ ကိုမင်းကိုချစ်တယ်..Minnie..။ ...