"ဘာလို့ရုတ်တရက်ကြီး ရောက်လာတာလဲ"
Taeyong သူ့ကိုတော့ပုကီတွေ ပေပွနေ
အောင်စားနေရင်း မေးခွန်းထုတ်နေသည့်
ကောင်လေးကိုကြည့်ပြီး နှုတ်ခမ်းစွန်းလေး
ကော့တက်ရုံပြုံးမိပြန်သည်...။"ဖြည်းဖြည်းစားပါ..ပေကုန်ပြီ.."
အိတ်ထဲတွင်ဆောင်ထားလေ့ရှိသော
Wet tissue အထုပ်သေးလေးအားယူကာ
အစပ်ကြောင့်နီရဲကာ စိုရွှန်းနေသော
နှုတ်ခမ်းပါးလေးဆီ လက်ကတိုးသွားမိ
သည်...။ဟန်မြစ်ကမ်းပါးဘေးက လေအေး
အေးတို့သည် ကောင်ငယ်လေး၏နူးညံ့
သောဆံနွယ်ကောက်ကွေးလေးများကို
ပိုမိုအသက်ဝင်အောင်တိုက်ခတ်ပေးနေသည်။"ဒီဟာ----!!!"
သုတ်ပေးရန်ပြင်ပြီးမှ အိုဗာဖြစ်မှာကြောက်
လို့ တစ်ရှူးအားကမ်းပေးနေသော သူ့လက်
သည်..လေထဲတွင်တန်းလန်း...။
ထိုကောင်လေးက လက်ဖြင့်ဒီအတိုင်းသုတ်
ချလိုက်သည် မဟုတ်ပါလား...။
အညစ်ပတ်တုံးလေး!!"ဒါနဲ့..မမြင်ချင်တဲ့ဟာတွေဆိုတာဘာကို
ပြောတာလဲ...ဖြေဦးလေဗျာ! ဘာလို့ရောက်
လာတာလဲလို့..""အာ..ဒီတိုင်း ပျင်းလို့..ပွဲပြီးသွားတော့
မင်းကိုမတွေ့လို့လိုက်ရှာတာ.."သူ့စကားကို ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း
ငါးအူချောင်းကိုထိုးကျွေးလာသည်မို့...
"ကျွေးမှကျွေးပါ့မလားလို့""ကျွန်တော်အဲ့လောက် အစားမပုပ်ပါဘူး
Taeyongie hyung ကလဲ"ကောင်ငယ်လေးရဲ့ဆူပုပ်ပုပ်ပြောတာလေး
ကို သူသဘောကျစွာဖြင့် ခပ်လွင်လွင်ရယ်
မိတော့ ကောင်ငယ်လေးရဲ့ အပြုံးနုနုဖြင့်
ပြောလာသောစကားသည် ဟန်မြစ်ရဲ့
လေနုအေးလေးတွေကြား သူ့မျက်နှာပူနွေး
ရစေပါသည်...။"ကြည့်ပါလား အဲ့လိုရယ်တာဘယ်လောက်
ချစ်ဖို့ကောင်းလိုက်လဲ..mommy ပြောသ
လို နှလုံးသားနွေးထွေးအောင်နေပါ
Taeyongie hyung"

VOUS LISEZ
MY HALF
FanfictionI hate you!ကျွန်တော့်ကို Hyung လိုများထင်နေလား..ကျွန်တော် Gay မဟုတ်ဘူး...။ MARK LEE♥ ကို...တောင်းပန်ပါတယ်..ကို့မှာဒီစကား အပြင်ပြောစရာမရှိတော့ပါဘူး...။ ကိုမင်းကိုချစ်တယ်..Minnie..။ ...