My Half 8

390 53 31
                                    

Taeyong မနက်ခင်းအစောကြီး ယောအီဒို
က ချယ်ရီပင်တွေအောက်
ကိုရောက်နေသည်...။
စာမေးပွဲတွေဖြေဖို့ Private Study ပေးချိန်မို့...စာကျက်ရန်Library သွားရာကနေ...ကောင်ငယ်လေးနှစ်ခြိုက်ရာနေရာကိုရောက်လာမိခြင်း...။

သူ့အနားကို ကောင်ပေါက်လေးရောက်လာ
သည်မှာ...ယခုဆိုလျှင်..1st semester
တောင်ပြီးဖို့ စာမေးပွဲတွေဖြေနေရပြီ
ဆိုတော့...၄လကျော်ခဲ့ပြီ..။

သူလွမ်းပြီးကျန်နေခဲ့ရမှာကိုတွေးရင်း ရင်ထဲမချိသာမခံသာ...။ သူ Mark ကို
တကယ်ချစ်မိသွားတာ...ဘယ်ကနေဘယ်လိုမှန်းမသိပဲ ရင်ထဲတဖြည်းဖြည်းဝင်လာတဲ့
ကောင်လေးကြောင့် သူပြုံးတတ်လာတယ်။
ရယ်မောတတ်လာတယ်။ ခွဲရမှာ ၁လဆိုပေ
မဲ့...Taeyong မခံနိုင်...။

ဒီလိုဖြစ်လို့ဖွင့်ပြောရန် စဉ်းစားပြန်တော့လဲ
အခုအခြေအနေလေး ပျက်သွားမှာကြောက်
လှသည်..။ကလေးကငယ်သေးသည်...။
ပြီးတော့..သူ့ကိုစိတ်ဆိုးသွားမှာက
၈၀ရာခိုင်နှုန်းမို့...ဖွင့်ပြောဖို့လုံးဝမရဲဖြစ်နေသည်...။

"ဟူးးးး..မဖြစ်သေးပါဘူးကွာ...."

"ဘာကမဖြစ်သေးတာလဲ...hyung ရ...
စာမရလို့လာငိုင်နေတာလား"

ဘေးနားကကြားလိုက်ရတဲ့အသံလေး
ကြောင့် အံ့သြမှုနှင့်အတူလှည့်ကြည့်မိတော့
ရယ်ပြနေသောကလေးငယ်..

ပန်းနုရောင် Hoodie လေးနှင့် Jean အနက်ရောင်ဒူးဖုံးလေးဝတ်ထားသော အကောင်ပေါက်လေး...မျက်ဝန်းတို့က
ခါတိုင်းလိုပဲတောက်တောက်ပပ...နှုတ်ခမ်း
သားတို့ကစိုရဲရဲ...ပါးပြင်ပေါ်ကမှဲ့နက်လေး
နဲ့ လည်ပင်းပေါ်ကမှဲ့နက်လေးတို့ကလဲ
အရင်အတိုင်းမပြောင်းလဲ..အရာရာချစ်ဖို့
ကောင်းနေသည်...။
*ကိုတော့ရူးတော့မှာပဲ ကလေးငယ်ရာ*

အတွေးတို့နှင့်အတူပျက်ယွင်းနေသော
မျက်နှာကိုပြင်ကာ ကလေးကိုအပြုံးတုတစ်ခု
ပြုံးပြရပြန်သည်..။

"ဘယ်ကိုလာတာလဲ.."

"ဒီနားက Mommy အသိဆီကို...
Mommy ကကျွန်တော့်ကို အဲ့ဦးလေးရဲ့
သားနဲ့အတူပြန်လာခိုင်းနေတာလေ"

နဂိုကတည်းကလွမ်းရပါမယ်ဆိုမှ..စိတ်မချ
စရာက ပေါ်လာပြီ(╯︵╰,)

MY HALFDonde viven las historias. Descúbrelo ahora