🌞🌞🌞🌞🌞🌞🌞🌞🌞🌞🌞🌞"လာစမ်းပါဦး MarkLee...ဆိုစမ်းပါဦး
မနေ့ညကကိစ္စ...ပြောတော့ညကြမှ
ဖုန်းဆက်မယ်..ငါကူညီမယ်သားကြီးနဲ့
ကျစ်ဆံမြီးစကားတွေပြောသွားတယ်..."ကဲန်တီးထဲဝင်ဝင်ခြင်း ထောင့်ဆုံးစားပွဲမှ အတင်းတွေလက်ယပ်ခေါ်နေသော
Lucas ကို လက်ပြလိုက်ရင်း Yong ကို
လိုက်ခဲ့ဖို့ အင်္ကျီလက်လေးဆွဲကာခေါ်ခဲ့
ရသည်...။သူ့မှာ နွေရာသီကို Yankee အနီရောင်
မာဖလာကြီးပတ်ပြီး စတိုင်အတင်းထုတ်
ထားသလောက်...Yong ကတော့
Hoodie အနက်ရောင်ဖြင့် ဘာကိုမှ
မဖုံးမကွယ်ထား..အသားဖြူ ဖြူ ရှိ
သူပေးထားသော Marking မှာ
အညိုပုပ်ရောင်သို့ပြောင်းနေပြီဖြစ်သည်။"ငါမနက်က မင်း Miss call တွေတွေ့ပါ
တယ်ကွာ...အခုငါရောက်လာပြီပဲ...
Yong..အဲ...Hyung ကိုလဲခေါ်လာတယ်
မေး...မင်းသိချင်တာမေး"Lucas အားကိုးတကြီးဖြင့် Taeyong
Hyung ကိုကြည့်မိတော့ မသက်မသာ
ပြုံးပြလာသည်..."Hyung...သူလေးကဘယ်သူလဲ...
ဘယ်ကလဲ...နာမည်ဘယ်လိုခေါ်လဲ...
ဘာမေဂျာလဲ""နွားပြာကြီးအောက်သွားမရှိရုပ်နဲ့...
ဖြေးဖြေးမေးစမ်းပါ"Lucas မျက်စောင်းထိုးလိုက်ပြီး
အသာနေစမ်းပါဟူသည့် အကြည့်ဖြင့်
ကြည့်လိုက်သည်...။"သူ့နာမည် Kim Jung woo တဲ့...ကိုတို့
အတန်းကပဲ...Johnnyပြောတာတော့...
ကိုတို့အဆောင်မှာနေတယ်တဲ့...
ရှေးဟောင်းစာပေနှင့်သုတေသန မေဂျာ"အင်? ဒါပဲလား...
အင်းလေ...ရေခဲတုံး LeeTaeyong ဆီက
ဘယ်လောက်သတင်းများများကို သူက
မျှော်လင့်ရမှာလဲ...နာမည်သိတာတောင်
တော်လှပြီ...။"ကျေးဇူးတင်တယ် Hyung...နာမည်သိ
ရင်ကို ကျန်တာစုံစမ်းလို့ရပြီ အဟေးဟေး""ဟေ့ရောင် မင်း ပေါက်ကရတွေသွား
မလုပ်နဲ့တော့နော်..မင်းကိုအမြင်ကတ်
သွားမယ်...""သိပါတယ် မင်းကလဲ...ဒါနဲ့..Hyung...
အဆောင်မှာ ခြင်ရှိလို့လား...""အင်...မရှိ မရှိပါဘူး..."
"လည်ပင်းမှာ သောက်ကျင့်မကောင်းတဲ့
ခြင်ဂျပုကိုက်ထားတာတွေ့လို့..."
YOU ARE READING
MY HALF
FanfictionI hate you!ကျွန်တော့်ကို Hyung လိုများထင်နေလား..ကျွန်တော် Gay မဟုတ်ဘူး...။ MARK LEE♥ ကို...တောင်းပန်ပါတယ်..ကို့မှာဒီစကား အပြင်ပြောစရာမရှိတော့ပါဘူး...။ ကိုမင်းကိုချစ်တယ်..Minnie..။ ...