My Half 13

409 43 40
                                    

ရေချိုးခန်းထဲ ဝင်သွားသော Mark
ကိုကြည့်ပြီး Johnny နဲနဲနပ်သွားသည်..။
Taeyong ကတော့...Mark ပြန်ထွက်
လာတဲ့အထိ Mark ကိုပဲလိုက်ကြည့်
နေဆဲ...။အရေးထဲ အနောက်ကနေ
အင်္ကျီစကိုဆွဲကာ ဗိုက်ဆာတယ်လို့တိုးတိုး
ကပ်ပြောသည့် အစားသရဲလေးက
တစ်မှောင့်..။ ကုတင်ပေါ်တွင်ထိုင်နေသည့် Mark ကိုကြည့်ကာ...Johnny အလိုက်သိရတာပေါ့...။

"မဟုတ်တာ...Ya..LeeTaeyong...
ငါတို့ပဲဝယ်လာခဲ့တော့မယ်...မင်း..Mark ကိုကူညီပေးလိုက်ဦး..."

"အမ်...အင်း..."

Johnny ကအထာကျကျ မျက်စိတစ်ဖက်
မှိတ်ပြလာသည်မို့ Taeyong သဘော
ပေါက်သွားရသည်...။ဘယ်လောက်ကောင်း
လိုက်တဲ့သူငယ်ချင်းလဲ...။ Jaehyunက
တော့..နားမလည်သည့်ပုံပဲ..။ထားပါ...
ကလေးကအဓိက..အဟိဟိ။

"ကောင်းကောင်းသွားပြီးပြန်လာခဲ့..ဘိုင့်"

Taeyong..Johnny တို့ကိုနှုတ်ဆက်ပြီး
ကုတင်ပေါ်တွင် အိတ်ထဲက ပစ္စည်းတွေကို
ထုတ်နေသော ကလေးကိုတစ်ချက်ကြည့်
လိုက်သည်...။ ချစ်စရာလေး...အခုပုံလေးနဲ့
ပိုချစ်တယ် ><!
မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်ကာ...

"Minnie...ကိုဘာလုပ်ပေးရဦးမလဲ.."

"ရတယ် hyung...ကိုယ့်ဘာသာကိုယ်ပဲ
လုပ်လိုက်ပါ့မယ်..."

"အင်း...အာ...Minnie..ဘာစားမလဲမမေး
လိုက်ရဘူး...Johnny တို့ကိုမှာမလို့.."

"ကျွန်တော့်ကို...ပဲခေါက်ဆွဲမှာပေးပါလား
ဟိုမှာမစားရလို့..အခုစားချင်နေတာ..."

"Ok...ကိုဖုန်းခေါ်ပြီးမှာလိုက်မယ်.."

📲

"Johnny...အာ...Jaehyun...အင်း...
ပဲခေါက်ဆွဲတစ်ပွဲ ဝယ်ခဲ့ပါလား...အင်း..
Min-..Markက စားချင်လို့တဲ့ Johnny
ကိုပြောလိုက်ဦးနော်..."

လာပြန်ပြီ...JungJaehyun နဲ့ Johnny hyung ရှေ့မှာသူ့ကို Minnie လို့မခေါ်ချင်
ပြန်ဘူးလား...။

"Minnie!"

Taeyong ဖုန်းပြောပြောပြီးချင်း...သူ့ကို
စိုက်ကြည့်ကာ သူ့နာမည်သူပြန်ရွတ်နေ
သောကောင်လေး...

"ဟင်..."

"Minnie...Minnie..ဆိုတဲ့နာမည်"

မဟုတ်မှလွဲရော..မခေါ်စေချင်တာတော့
မဟုတ်ပါဘူးနော်...။

MY HALFDove le storie prendono vita. Scoprilo ora