"Hyung ကြားလား ကြားလား..ဘာသံလဲ"
"ဘာက?Oh! မင်းလဲကြားနေရလား?"
Mark ခေါင်းငြိမ့်ပြလိုက်ရင်းအသံလာရာ
ကိုနားစွင့်ကြည့်လိုက်မိသည်။"အင်း..ဟိုဖက်နားကထင်တယ်"
Taeyong လဲ ဒီ ဒုတ်ဒုတ် အသံကြားရတာ
သူတစ်ယောက်ထဲမဟုတ်၍ ပျော်သွား
သည်။လာစမ်း..ခဏခဏကြားနေရတာ
တော်တော်အာရုံနောက်နေပြီ..။"ကိုတော့ ဒီနားတစ်ဝိုက်ကထင်တယ်"
Mark နဲ့ Taeyong လိုက်ရှာရင်း ဘေးဘီ
ကြည့်လိုက်တော့ လူတောင်သိပ်မရှိတော့။"အာ..Hyung..Hyung!! ဒီနားလေးက
ကြားနေရတာ"Mark အော်သံကြောင့် Taeyong နားစွင့်
ကြည့်တော့ ဟင်!!
ဒါ သူ့ရဲ့ ဒုတ်ဒုတ်အသံမှ မဟုတ်ပဲ!
အသံက...ဖားကိုမြွေမြိုနေတဲ့အသံမျိုး...
သူလဲ ငယ်ငယ်တုန်းကမြင်ဖူးလို့သာ သိရ
တာ...Mark!!အဲ့နားသွားနေတာလား?"Yah..Yah..Mark!!"
သူခေါ်လို့လှည့်ကြည့်လာတဲ့ ကောင်လေးရဲ့
ဆံစထက်မှာ ဆာကူရာပွင့်ဖတ်တွေ
ကပ်ငြိနေသည်မှာ ကဗျာဆန်ဆန်...။"အသံက ထူးဆန်းတယ်နော်! Hyung
ဟိုနားက အသံထွက်နေတာ..""မကြည့်နဲ့!!"
Taeyong သတိပေးလိုက်ရင်း Mark
မျက်လုံးကိုအုပ်ကာ သူ့ဖက်လှည့်လိုက်မိ
သည်။"Wae!! ဘာကြီးမို့လို့လဲ hyung?"
သူ့ရင်ဘတ်ထဲစုံးစုံးမြုပ်နေတဲ့ ကောင်လေး
ရဲ့ အရိုးလေးပဲရှိတဲ့ကိုယ်သေးသေးလေး
သူ့မျက်နှာရှေ့က ကောင်လေးရဲ့ ဆံပင်
မွစာကြဲလေးဆီက မက်မွန်သီးနံ့လေး...
Aish...ငါဘာတွေလုပ်နေတာလဲ??"Hyung...ဘာသံလဲလို့..?"
သူ့ရှေ့ကကောင်လေးမေးမှ ပြန်ဖြေမိသည်
"မြွေ...ဖားကိုမြွေက စားနေတာ"
"အိုး!!တကယ်ကြီး..ကြောက်စရာကြီးနေမှာ
မမြင်လိုက်တာတော်သေးတယ်!!"

KAMU SEDANG MEMBACA
MY HALF
Fiksi PenggemarI hate you!ကျွန်တော့်ကို Hyung လိုများထင်နေလား..ကျွန်တော် Gay မဟုတ်ဘူး...။ MARK LEE♥ ကို...တောင်းပန်ပါတယ်..ကို့မှာဒီစကား အပြင်ပြောစရာမရှိတော့ပါဘူး...။ ကိုမင်းကိုချစ်တယ်..Minnie..။ ...