My Half 9

357 44 29
                                    

Taeyong သူ့ရှေ့က ကစားကွင်းကိုကြည့်
ပြီး မတ်တပ်မေ့နေတယ်ပြောရမလား...
သူ့ဘဝမှာမသွားချင်ဆုံးနေရာက ကစားကွင်း...။
တခြားတော့မဟုတ်...လူအရမ်းများတယ်..
လူများတဲ့နေရာသွားရတာ Taeyong
လုံးဝမကြိုက်ပါ..ရိုလာကိုစတာတွေ
ပင်လယ်ဓားပြတွေတော့ခေါင်းထဲမထည့်
ပါဘူးလေ..LeeTaeyong ကဒါတွေ
လောက်တော့အေးဆေးသာ...။

"Wow..Hyung...little kitty"

Taeyong ကစားကွင်းကို တမေ့တမော
စိတ်ပျက်လက်ပျက်ငေးနေစဉ်မှာပင်
သူ့ကလေးကတပ်ပေးတာကြောင့်
ခေါင်းပေါ်ရောက်လာသော ကြောင်နားရွက်
ပုံနှင့်မွေးပွဘီးကုပ်လေးᕙ(`皿')╯
သူ့ကိုကျပ်မစေ့မတ်မစေ့ ဖြစ်စေချင်တာလား!!!

အတွေးနဲ့အတူမျက်မှောင်ကျူံ့ ကာ
ကောင်စုတ်လေးကိုအကြည့်...
သူ့ခေါင်းပေါ်ကဝက်ဝံမွှေးပွနားရွက်လေးကို
ဆော့ကာ သဘောကျဟန်ဖြင့်ရယ်မော
နေသောကလေးငယ်...။
ချစ်စရာကောင်းလိုက်တာ(╥﹏╥)
အူတွေယားလိုက်တာ။

ကစားကွင်းထဲဝင်တော့လဲ ဟိုဟာစီးရအောင်..ဒီဟာစီးရအောင်နှင့်
ဦးဆောင်နေသောကလေးငယ်...။
သူနှင့် Lucas တို့အုပ်စုမှာတော့
မြော့မြော့သာကျန်တော့သည်။

"အော့..ဝေါ့..အော့"

"ရရဲ့လား Lucas"

ရိုလာကိုစတာစီးအပြီး ဥသြဆွဲနေသော
Lucas ကိုကြည့်ပြီး Taeyong ရင်ထဲ
တစ်ခုခုတစ်ဆို့လာသလို..အန်မိတော့မယ်။

"Taeyong hyung...လာ..ရေခဲမုန့်သွား
စားမယ်"

အန်ချင်လို့ မျက်နှာမထားတတ်ဖြစ်နေသော
သူ့လက်ကိုဆွဲကာ Mark က ရေခဲမုန့်
ဆိုင်ကိုခေါ်သွားသည်။ ဆိုင်ရောက်တော့

"Hyung ရလား...အန်ချင်နေသေးလား"

"ဟင်"

"စောနက Lucas အန်နေတာကြည့်ပြီး
အန်ချင်သွားတာမလား"

"အင်း..နည်းနည်း..."

"ရော့ရော့..ရေခဲမုန့်စားလိုက်..ကလေးကြ
နေတာပဲဗျာ..."

သူ့ကို ကလေးကဘယ်လိုခေါ်လိုက်တာ??
ကလေးကြနေတာပဲ..ဟုတ်စ??
အင်း..ကျားမှန်းသိအောင်အစွယ်ထုတ်ပြ
လိုက်ရ(ノಠ益ಠ)ノ

"အင်း..သက်သာသွားပါပြီ...ဟိုကောင်
လေးတွေအတွက်လဲ ဝယ်ရအောင်လေ.."

MY HALFWhere stories live. Discover now