Mark မနေ့ညက Taeyong hyung
ပြန်သွားသည်ကို Daddy ကပြောပြ၍သာ
သိလိုက်ရသည်...။ ဘာလို့နှုတ်မဆက်ပဲ
ထွက်သွားရတာလဲ...သူ့ကိုဖွင့်ပြောတာခံ
လိုက်ရချိန်မှာ တဒင်္ဂစိတ်တိုတာ...ဝန်ခံပါ
တယ်..ဒါပေမဲ့...အဲ့ကိစ္စကြီးကိုမေ့ပစ်ပြီး
ညီအစ်ကိုတွေလိုပဲဆက်နေသွားမယ်လို့
သူစဉ်းစားလာခဲ့တာ...။ပြန်မချစ်နိုင်ဘူးဆိုရင်တောင် အစ်ကိုတစ်ယောက်လို ခင်ခင်မင်မင် နေနိုင်သေးတာပဲ မဟုတ်ဘူးလား...။ ဒီစကားတွေကို သူတို့အခန်းထဲ
နှစ်ယောက်တွေ့ချိန်ပြောမယ် စဉ်းစားထား
ပေမဲ့...ပြန်ရောက်ကတည်းက သူ့ကိုရှောင်
နေတဲ့ Hyung...သူကရှောင်ရမှာမဟုတ်
ဘူးလား...သူ Gay လို့ပြောလိုက်မိလို့...
မုန်းတယ်လို့ပြောလိုက်မိလို့...
ရှက်ပြီးစိတ်တိုသွားတာလား...။ဒါကတော့ဘယ်သူမဆိုပြောမိမှာပဲလေ...
ယောက်ျားတစ်ယောက်က ကို့လိုယောက်ျား
လေးတစ်ယောက်ကို ချစ်တယ်ပြောလာရင်
ဘယ်သူမဆို Shock ရမှာပဲ...
ဒါမှမဟုတ်...သူအရမ်းများလွန်သွားလား..။"မသိတော့ဘူးကွာ..စိတ်ရှုပ်လိုက်တာ"
Mark...စိတ်ညစ်ညူးစွာဖြင့်အခုထိ
အိပ်ယာကနေမထသေး...။ဘေးနားက
မွေ့ယာကိုကြည့်တော့ သပ်ရပ်စွာခေါက်
ထားပေးတဲ့စောင်နဲ့ အိပ်ယာခင်းကသူ့ကို
ပြောင်ပြနေသလို...။"တကယ် မကောင်းတဲ့လူကြီး..."
Mark အခုဝမ်းနည်းသည်...။စိတ်လဲတို
သည်..။ဘာလို့သူက အစ်ကိုလို ခင်တဲ့သူကို
မှ..ဒီလိုကိစ္စတွေဖြစ်စေသလဲလို့..
ဘုရားသခင်ကို အော်မေးလိုက်ချင်သည်...။အရမ်းကိုမွန်းကြပ်ပြီး ဖွင့်ထုတ်ရန်လိုအပ်
နေတာမို့...သူ့ bff Lucas ကိုသတိရမိ
သွားသည်...။ Lucas ကတော့ သူ့ကို
နားလည်မယ်ထင်ပါတယ်...။ဒီလိုမဖြစ်သင့်
တဲ့ကိစ္စကို ခါးခါးသီးသီးငြင်းတာ သူ့အမှား
မဟုတ်တာကို ထောက်ခံမယ့်လူလိုသည်။"Hello....What's up my man"
"Lucas...ငါအခုအရမ်းစိတ်ညစ်နေတယ်
ငါ...""Oh..why...tell me my man...
မင်းဖရဲသီး ဘယ်သူခိုးစားလို့လဲ""ဟေ့ရောင်..မင်းငါပြောတာနားထောင်မှာလား...ပြောချင်ရာပြောနေမှာလား"

YOU ARE READING
MY HALF
FanfictionI hate you!ကျွန်တော့်ကို Hyung လိုများထင်နေလား..ကျွန်တော် Gay မဟုတ်ဘူး...။ MARK LEE♥ ကို...တောင်းပန်ပါတယ်..ကို့မှာဒီစကား အပြင်ပြောစရာမရှိတော့ပါဘူး...။ ကိုမင်းကိုချစ်တယ်..Minnie..။ ...