Mark ဝရန်တာတွင် Taeyong hyung
ရင်ခွင်အားကျောမှီ၍ ညခင်း၏ လေပြေ
နုနုအားခံစားနေမိသည်...။ လေတိုက်နေ
သော်ငြား..လတ်လတ်ဆတ်ဆတ် အနမ်းခံ
ထားရသောပါးမှ အပူငွေ့များထွက်နေ
သလိုပင် ခံစားနေရသည်...။
Taeyong hyung ကလဲ တကယ်ပဲ...
အခုမှ ချစ်တယ်ပြောရုံရှိသေးတာကို...။"Minnie အိပ်ရအောင်လေ...အပြင်မှာ
ကြာကြာနေရင် အအေးမိမယ်.."Mark ပါးပြင်ဘေးမှ နွေးခနဲဖြစ်သွားသည်
နှင့်အတူ Taeyong hyung ၏ အာငွေ့နှင့်
အသံတိုးတိုး.."အင်း...hyung..."
Taeyong သူ့ရင်ခွင်ထဲရှိ သူ့ကလေးလေး
၏ သိသိသာသာကျယ်လာသော ပုခုံးကျယ်
ကျယ်ကို မရရအောင်ဖက်ထားရင်းမှ
အနောက်ကမြင်နေရသည့် ကလေးငယ်၏
မျက်နှာနုနုရှိ ပါးပြင်ဖြူ ဥဥမှ သွေးကြောစိမ်း
လေးများကို အလွတ်ကျက်နေမိသည်...။
သူဖက်ထားသည့်လက်တို့ကို ပြန်လည်
ဆုပ်ကိုင်ထားသည့် ကလေးငယ်၏
လက်နုနုတို့မှာ ခပ်နွေးနွေး...။ရင်ခွင်ထဲကကောင်ငယ်လေးကို မချင့်မရဲ
လွှတ်ပေးရင်း အိပ်ရန်အခန်းထဲပြန်ဝင်ရ
သည်...။"Good Night Taeyongie hyung"
တစ်ဖက်ကုတင်မှ မတိုးမကျယ်နှင့်
သူ့ကလေးရဲ့အသံမှာ နွေဦးတွင်ကြွေကျ
သော သစ်ရွက်လေးများကဲ့သို့ ငြိမ့်ညောင်း
လှသည်...။"အင်း...ကို့ကလေးလေး..."
Taeyong စကားကိုကလေးက ဘာမှ
ပြန်မပြောလာ...သို့ပေမဲ့...မျက်နှာလေးခပ်ရဲ
ရဲဖြစ်နေဦးမှာတော့ သူသိပါသည်...။
အဟစ်!! နောက်ဆုံးတော့ သူ ဒီကလေး
လေးနဲ့ ချစ်သူဖြစ်ခွင့်ရခဲ့ပြီ...ပျော်လိုက်တာ
ကလေးငယ်ရာ....
*ကို ကလေးငယ်ကို အချစ်တွေအများကြီးနဲ့ ခစားပါ့မယ်ကွာ*Taeyong အိပ်မပျော်...ကလေးငယ်၏
ပါးပြင်နုနုကို သူနမ်းခဲ့တာပြန်တွေးရင်း
ကြိတ်ရယ်နေမိသည်မှာ အရူးလို...။
ဟိုဖက်လှိမ့် သည်ဖက်လှိမ့်နှင့် ကုတင်ပေါ်
က ပြုတ်ကျမလိုတောင်ဖြစ်သွားသေး...။"Hyung...အိပ်လို့မရဘူးလား..ဘာဖြစ်
တာလဲ..နေမကောင်းဘူးလား..."သူ့ရဲ့ အငြိမ်မနေမှုကြောင့် ကလေးငယ်
နိုးသွားပြီ...။
ESTÁS LEYENDO
MY HALF
FanficI hate you!ကျွန်တော့်ကို Hyung လိုများထင်နေလား..ကျွန်တော် Gay မဟုတ်ဘူး...။ MARK LEE♥ ကို...တောင်းပန်ပါတယ်..ကို့မှာဒီစကား အပြင်ပြောစရာမရှိတော့ပါဘူး...။ ကိုမင်းကိုချစ်တယ်..Minnie..။ ...