Chapter 1

34.3K 1.3K 30
                                    

Unicode ✅

1995 ခုနှစ် ..... ဒီဇင်ဘာလ 30.....
°º¤ø,¸¸,ø¤º°'°º¤ø,¸,......

နှင်းတေတဖွဲဖွဲကျနေသောညလေးတစ်ည.....

တိုက်နယ်ဆေးရုံလေးတစ်ခုအတွင်း..............

"အူဝဲ..... အူဝဲ..... အူဝဲ..... အူဝဲ...."ငိုသံလေးကြောင့်... နာကျင်
ပင်ပန်းနေသည့်ကြားမှပင် သူမပြုံးလိုက်မိသည်......

*လူ့လောကကြီးထဲကိုချောချောမွေ့မွေ့ရောက်ရှိလာတဲ့ကလေးလေးရေ.....မေမေကြိုဆိုပါတယ်..... *

"သားလေး မွေးတာပါ....ကျန်းမာလိုက်တာကြည့်ပါဦး..... "သူနာပြု
ဆရာမလေးပြောစကားကြောင့် ဝမ်းသာမှုကရင်ထဲလှိုက်ခနဲ...
သူမအမျိုးသားကိုလှမ်းကြည့်တော့ ဝမ်းသာမျက်ရည်များနှင့်... ပြည့်နှက်နေတာရယ်.....

"မိန်းမ .. မင်းစိတ်အေးအေးနဲ့နားတော့နော်....သားလေးလည်း
ကျန်းမာတယ်.... အနားယူလိုက်တော့... "
သူမပြုံးကာခေါင်းငြိမ့်လိုက်သည်......

"ယောကျ်ား.... ကျွန်မသားလေးကိုကြည့်ချင်သေးတယ်..."
သူမပြောတော့...  အနှီးထုပ်လေးထဲက...ကလေးလေး...သူမလက်ထဲရောက်လာသည်.... နှုတ်ခမ်းရဲရဲလေး.နှင့်ဖြူဖြူဖွေးဖွေး
ကလေးလေး....

"ထယ်ယောင်း........ကင်မ်ထယ်ယောင်း.... ကိုယ်စဉ်းစားထားတဲ့
နာမည်လေး.... သားလေးနာမည်ကို.... ကင်မ်ထယ်ယောင်း... လို့ပေးရအောင်..... "

"ဟုတ်ပါပြီ......သဘောကျတယ် လှတဲ့နာမည်လေး........ထယ်....ယောင်း....." သူမပြုံးကာဆိုလိုက်သည်.....
ထိုညလေးကတော့ ဆောင်းနှင်းတေကျမြဲကျဆဲ...အေးချမ်း တိတ်ဆိတ်စွာနဲ့ အချိန်ကုန်ခဲ့လေသည်........

###########ETERNAL LOVE###########

"မိန်းမ .... ကလေးတွေကို....မုန့်တေအကုန်ဝေပြီးသွားပြီလား... "...
Mr.Kim တို့မိသားစု ... သူတို့နယ်မြို့လေးမှာရှိတဲ့ "ဆမ်ဆန်း"မိဘမဲ့ဂေဟာသို့.... သားထယ်ယောင်း....ရဲ့ ခြောက်နှစ်ပြည့်မွေးနေ့အတွက်.. ရောက်ရှိနေကြခြင်းဖြစ်သည်.....

"ပါးပါး... မားမား... သူ့ကိုသားညီအကိုတော်ချင်တယ်...."
ချစ်လှစွာသောသားက...နှုတ်ခမ်းလေးဆူကာဆိုလာသည်...

Mr.Kimတစ်ယောက်..... ကြည့်လိုက်တော့ ကောင်လေးတယောက်.... အင်း.. သားထက်တော့ငယ်လောက်မည်... ထိုကောင်လေးလက်ကိုဆွဲကာ... သူ့ကို ပြောနေခြင်းဖြစ်သည်....

ETERNAL LOVE(COMPLETED)✔ Where stories live. Discover now