Chapter 26(FINAL)

14.5K 862 113
                                    

Unicode ✅

အရာအားလုံးမြန်ဆန်စွာဖြစ်ပျက်သွားပြီးနောက်... တပတ်ကျော်
လောက်ကြာတော့ .....
ဂျုံးဂု စိတ်တွေ ပြန်လည်ပြီး ပုံမှန်ပြန်ဖြစ်လာသည်.....

Mommy အဆင်ပြေပါ့မလားဟူသော စိုးရိမ်စိတ်ကလွဲရင်...
အရာရာအဆင်ပြေပါသည်.... ထောင်ဝင်စာတွေ့ရက်ဆိုရင်...
သူရယ်...ထယ်ရယ်... daddy ရယ်... သွားတွေ့မည်...

စိတ်တွေတည်ငြိမ်ကာ... အသိတရားရသွားခဲ့သော mommy
သည်... ထောင်ထဲ မဝင်ခင်...daddyရော ထယ့်ကိုရော...
တောင်းပန်သွားခဲ့သည်...

ခွင့်လွှတ်ရန်မဖြစ်နိုင်တဲ့ခက်ခဲသော ကိစ္စရပ်များ ဖြစ်သော်လည်း...

ထယ်ကော daddyရော ကျေကျေနပ်နပ်ခွင့်လွှတ်ပေးခဲ့သည်...
ထယ်သည်... တကယ့်ကိုဖြူစင်သောလူသားလေး....
အမုန်းတရားသိပ်မထားတတ်သော ထယ်က ဘဝမှာအကြီးမားဆုံး
ဆုံးရှုံးမှုဖြစ်တဲ့ ပါး ကိုဆုံးရှုံးရခဲ့သော်လည်း.... စိတ်သဘောထား
တည်ငြိမ်စွာနှင့်ပင်.....တောင်းပန်သည်ကို လက်ခံခဲ့သည်.....

သို့ပေမယ့် သူရင်နာရပါသည်....
ထယ်...ပါး ကိုသတိရလို့ငိုတိုင်း သူ့ရင်တွေနာရပါသည်....

ထယ်များသူ့ကိုမုန်းသွားမလားဟူသော စိုးရိမ်စိတ်သည်လည်း..
အဝေးသို့လွင့်ပျောက်သွားပြီဖြစ်သည်...... ..

ထယ် ဆေးရုံတက်ပြီးတော့ ဒဏ်ရာတွေသက်သာလာတော့...
သူထယ့်ကို ဒူးထောက်တောင်းပန်ခဲ့သည်......
ထယ်က..သူ့ပါးပြင်ကိုလက်လေးနှစ်ဖက်နှင့်နူးနူးညံ့ညံ့ကိုင်ကာ..
.ပြန်ပြောဖူးသည်....

"အရမ်းပင်ပန်းခဲ့မှာပဲ...ဂျုံးဂု...တကယ်အရမ်းပင်ပန်းခဲ့မှာပဲ...
ဒီအဖြစ်မှန်တွေကြားမှာ...ဂျုံးဂုက ထယ့်ထက်..ပိုပင်ပန်းခဲ့မယ်
ဆိုတာ...ထယ်နားလည်တယ်..... တောင်းပန်စရာမလိုပါဘူး
ဂျုံးဂုရယ်...ထယ့်အတွက်...အရာရာကဂျုံးဂုဖြစ်နေခဲ့တာမို့...
ဂျုံးဂုကဂျုံးဂုပဲ...... ဘာအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ်...
ဂျုံးဂုကိုမုန်းဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်တာမို့....
ထယ်ခွင့်လွှတ်တယ်နော်..... "

ထိုအချိန်က သူမျက်ရည်ကျမတတ် ပျော်ရွှင်ခဲ့ရသလို...ရင်တွေ
လည်းနာခဲ့ရပါသည်..... ထိုနေ့က ထယ့်ကိုရင်ခွင်ထဲ...
အချိန်ကြာကြီးထည့်ထားကာ...သူငိုကြွေးခဲ့သည်..တောင်းပန်
ခဲ့သည်.... ထယ်က သူ့ကျောပြင်ကို ခပ်ဖွဖွလေး..ပုတ်ပေးကာ..
စိတ်ဖြေဖျောက်ပေးခဲ့သည်....
တရားရုံးသွားတော့လည်း... သူ့ဘေးကနေ တချိန်လုံး...
အားပေးနှစ်သိမ့်နေခဲ့သည်...........

ETERNAL LOVE(COMPLETED)✔ Tempat cerita menjadi hidup. Temukan sekarang