Bonus Chapter [Yoonmin]Sweet Romance

6.8K 451 22
                                    

Unicode✅

" Yahh... ပက်ဂျီမင်...ခင်ဗျား... "

လူကရောက်မလာသေးဘူး... အသံစာစာလေးကကြားရပြီ...
ဆိုင်ထဲဝင်ဝင်လာချင်း....
ဒီကောင်လေး သူ့ကိုဘာတွေရစ်ဦးမလဲမသိ.....

" ယွန်းဂီ... ဘာဖြစ်လာတာလဲ..."

" မုန့်.. Krispy kremeက donut ဝယ်ပေးပါဆို.... msg ကို reply
မပြန်ဘူး..."

" ဟင်....."
ပက်ဂျီမင်ရေ...ဘုရားသာ တ နေလိုက်တော့...

" ဟွန့်...ဝေ့လည်ကြောင်ပတ်နဲ့ ... ဘယ်လိုလူကြီးမှန်းမသိဘူး... "

ပြောချင်တာပြောပြီး ဆောင့်ဆောင့်အောင့်အောင့်နဲ့... ဟိုဆော့ဘေး
သွားထိုင်ကာ.... ရေ တစ်ခွက်ကို တဂွတ်ဂွတ် မော့သောက်နေလေ၏...

ဘုရားစူးပါရဲ့.... ခုမှ ဖုန်းကိုဖွင့်ကြည့်လိုက်တော့မှ msg ကိုတွေ့မိ
တယ်...

ချော့မှဖြစ်တော့မယ်....ဒီတိုင်းဆို... မဖြစ်ဘူး...

"ယွန်းဂီ... ကိုယ်တကယ် မတွေ့လိုက်မိဘူးကွာ... စိတ်မဆိုးနဲ့လေ...
ကလေး.... "

ပုခုံးလေးကိုအသာ ကိုင်ကာ... ချော့တော့.. ပေစောင်းစောင်းနဲ့
ပြန်ကြည့်နေလေရဲ့....

" ဟိတ်...ဟိတ်... ချော့ချင်လည်းဝေးဝေးလံလံသွားထိုင်ကြ...
ငါ့နား နားလာမငြီးကြနဲ့... စာရင်းတွေနဲ့ခေါင်းရှုပ်ရတဲ့ကြားထဲ..
သွား...ဝေးဝေးသွား... "

ဟိုဆော့ဆိုတဲ့ကောင်ဟာလေ...အာ့ကြောင့် ခုထိ ရည်းစားမရသေး
တာ... ပွစိပွစိ နဲ့...

" သွားမှာ...သွားမှာ... ဟွန့်....အာ့ကြောင့် ရည်းစားမရတာ..."

မျက်မှောင်ကြုံ့ပြီး ခပ်စွာစွာပြန်ပြောသော ယွန်းဂီစကားကြောင့်..
ဟိုဆော့ကလည်း.. .. အခဲမကြေ... ပေစောင်းစောင်းပြန်ကြည့်
လိုက်သည်.......

" ခင်ဗျား ဘာလုပ်နေတာလဲ.. သွားမယ်လေ... ကုပ်ချောင်းချောင်း
နဲ့... "

ခါးလေးထောက်ကာ သူ့ကိုပေကြည့်ပြီး ရန်တွေ့ပြန်သည်...
ဒီကောင်လေး စိတ်မကြည်ရင်... တွေ့သမျှ လူ အကုန်ပတ်ရန်တွေ့
တတ်တာ... ကိုယ်ကလည်းကိုယ်ပဲ သူစားချင်တဲ့ မုန့်ကိုမှ မေ့ရသည်ကိုး....

ETERNAL LOVE(COMPLETED)✔ Tempat cerita menjadi hidup. Temukan sekarang