Chapter 6

10.1K 979 11
                                    


Unicode✅

ဒီနေ့ကတနဂ်နွေနေ့... မနက်ဖြန်တော့ကျောင်းပြန်တက်ရမည်
နေပြန်ကောင်းသွားပြီဖြစ်သောကြောင့်... ထယ်ယောင်း
တစ်ယောက်... ဂျုံးဂုရှင်းပြတဲ့...သူအတန်းပျက်ထားသောစာတွေကို..ကူးရေးနေသည်....

ဂျုံးဂုကတော့...သူ့ကိုစာရှင်းပြပြီး...သူတို့နှစ်ယောက်နဲ့...စုံလီထွေပြားများလှတဲ့...ပစ္စည်းတွေ...စာအုပ်တွေတင်ထားတဲ့...စင်ကြီးကို... ရှင်းလင်းပြီး...စာအုပ်တွေပြန်စီနေသည်...သူကတော့...ကြမ်းပြင်ပေါ်...ဝမ်းလျားမှောက်ပြီး... သာသာယာယာစာကူးနေသည်....

"..ဂျုံးဂု... ခဲတံပေးဦး... "

"အင်း..ထယ်...ငါ့လွယ်အိတ်ထဲမှာ... ရှာလိုက်..."

ဂျုံးဂုလွယ်အိတ်ထဲ... နှိုက်ရှာတော့..သူရှာမတွေ့...စမ်းသည်..ဟိုစမ်းဒီစမ်း... မရ... သူစိတ်မရှည်ပဲ...လွယ်အိတ်တစ်ခုလုံးကိုမှောက်သွန်လိုက်တော့... ခဲတံထွက်လာသည်... အဲ...ခံတဲတင်မဟုတ်... စာရွက်ခေါက်လေးတစ်ခု... ထယ်ယောင်းမျက်မှောင်ကြုတ်လိုက်သည်...ဘာပါလိမ့်... ဖွင့်ဖတ်ကြည့်လိုက်တော့....ဟို..မင်ဟယ်ရာဆိုတဲ့..
ကောင်မလေး..ဂျုံးဂုအတွက်ရေးထားခြင်း... ထိုစာကိုတစ်ကြောင်းချင်းစီဖတ်ရင်း...ထယ်ယောင်း..စိတ်ထဲတမျိုးခံစားသွားရသည်...သူစိတ်တိုသွားတာ...ဟုတ်တယ်... သူစိတ်တိုတယ်...ဂျုံးဂုက ဒီစာရတာဘာလို့သူ့ကိုမပြောလဲ....ပြီးတော့ဂျုံးဂုက...မင်ဟယ်ရာကို...ပြန်ကြိုက်နေလို့...ဒီစာကိုမလွှင့်ပစ်ဘဲ... သိမ်းထားတာလား... သူဝမ်းနည်းသလိုလို...စိတ်ဆိုးသလိုလို... ဂျုံးဂုဘက်ကိုကြည့်ရင်း....

"ဂျုံး....ဂု...."
သူအသံရှည်ဆွဲကာ ခေါ်လိုက်တော့... ခေါင်းလေးချာခနဲ့ လှည့်ကြည့်လာတဲ့... ယုန်ကောင်...မဟုတ်ရင်သူဘာမှမသိတဲ့..ပုံစံနဲ့...

"ဘာလဲ ထယ်...ပြော....လေ... ဟင်...ထယ်..မင်းအဲ့စာကိုဖတ်နေတာလား... "

ဂျုံးဂုကအထိတ်တလန့်နဲ့...မေးလာသည်...ဘာလဲ...ဂျုံးဂုကသူဖတ်မှာကိုတောင်ကြောက်နေတာလား.... သူ့ကိုမသိစေချင်တာလား...သူကဘာလဲ... ဂျုံးဂုကသူမသိအောင်ရည်းစားထားမို့လား....မဖြစ်နိုင်တာ..တစ်အိမ်ထဲနေတစ်တန်းတည်းထိုင်တာ... ကွယ်ဝှက်လုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူး.... ဘာကြောင့်လဲ...ထယ်ယောင်း... စိတ်ထဲ...အတွေးပေါင်းစုံချာချာလည်နေသည်...

ETERNAL LOVE(COMPLETED)✔ Where stories live. Discover now