Chapter 23

7.8K 703 68
                                    

Unicode✅

"ဂျုံးဂုကပါ...ဘာလို့ဖုန်းမကိုင်ရပြန်တာလဲ... ဟင့်... "

ထယ်ယောင်း... ဘဲငန်းလေးလိုတရှုံ့ရှုံ့ငိုကာ ဖုန်းကို ကိုင်လိုက်
ချလိုက်နှင့်... စိတ်တွေ ဗျာများနေသည်.... ဘာတွေလုပ်နေတာလဲ..
ဂျုံးဂုရယ်...

"အဒေါ်ကြီးကလဲ လက်သံပြောင်လိုက်တာ...လူတွေရဲ့..လက်သည်း
ဆိပ်က သိပ်ပြင်းတာ ခုမှ သိတယ်.."

ငယ်ငယ်ကဒဏ်ရာ ရရင်... မား ဖြစ်ဖြစ် ဂျုံးဂု ဖြစ်ဖြစ်.. ဆေးထည့်
ပေးနေကျ...အခုတော့ ဝမ်းနည်းမှုကိုမြိုသိပ်ရင်း... ဒဏ်ရာတွေကို
ဆေးထည့်လိုက်ကာ... ဂျုံးဂုကိုဖုန်းထပ်ခေါ်လိုက်သည်...

"လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ........"

"ဟင့်... ဂျုံးဂု...ဖုန်းကိုင်ပါတော့... ဟင့် ... "

ကလေးငယ်တစ်ယောက်လိုကြမ်းပြင်ပေါ်မှာထိုင်ပြီး...
ခြေထောက်နှစ်ချောင်းကိုပွတ်ကာ... တအီအီ ငိုနေမိသည်...

" ဂျုံးဂုက ထပ်ထားခဲ့မှာမဟုတ်ဘူး... ဟုတ်တယ်..ဂျုံးဂု ..
သေချာ လာတွေ့မှာပါ..."

မျှော်လင့်ချက်လေးကို ရင်ခွင်ထဲပိုက်ရင်း ...ကောင်းကင်က
ကြယ်လေးတွေကိုငေးမောကြည့်ကာစကားလေးတစ်ခွန်း
ပြောလိုက်မိသည်...

"ဂျုံးဂု နဲ့ ဘယ်တော့မှထပ်ဝေးရမှာမဟုတ်ဘူးမလား...
အဲ့ဆုတောင်းလေးတော့ပြည့်ချင်မိတယ်... "

********************************

"ဟာကွာ.. ထယ်တော့ စိတ်ပူနေတော့မှာပဲ... ဖုန်းခေါ်လို့မရလို့.."

ဂျုံးဂု အိမ်ပြင်ထွက်လို့မရသဖြင့် အခန်းထဲ ပတ်ချာလှည့်ကာ...
ခုတင်ကိုကန်ထုတ်လိုက်... ခုံကိုကန်ထုတ်လိုက်နဲ့... ပတ်ချာလှည့်
နေသည်...

အခြေအနေကြည့်မို့ အခန်းပြင်ထွက်လာတော့ Daddy ရှိမနေ ..
အပြင်ဘက်မှာတော့ အစောင့်တွေက ချထားတာ.. ငါးယောက်
လောက်ရှိသည်..
သိပ်ကိုကလေးဆန် တာပဲ...ဒီအရွယ်ရောက်မှ.. အိမ်အပြင်မထွက်
ဖို့ အချုပ်ခံထားရတာ သိပ်ကိုခံပြင်းစရာကောင်းသည်...

လှေကားပေါ်ပြန်တက်မယ်အလုပ်.. မီးဖိုခန်းထဲမှ ကြားလိုက်သော
စကားပြောသံတွေကြောင့် သိချင်လိုစိတ်ဖြင့် သွားကြည့်မိလိုက်သည်..

ETERNAL LOVE(COMPLETED)✔ Donde viven las historias. Descúbrelo ahora