Unicode✅
"ဂျုံးဂု..... ဒီနေ့ည အနောက်ဘက်ပိုင်းမှာ...မီးရှူးမီးပန်းပွဲတော်ရှိတယ်တဲ့...အဲ့ဒါသွားရအောင်...အရင်နှစ်တေတည်းက သွားချင်နေတာ... သွားရအောင်နော်လို့...."
" အာ....ထယ်...အဲ့ဒါဝေးတယ်မလား..ပါး ကလွှတ်ပါ့မလား.... "
"ဂျုံးဂုကလည်း....ရအောင်ပြောမယ်လေနော်...ငါသွားကြည့်ချင်တယ်....မိုးပေါ်မှာ...မီးပန်းတွေဖြာခနဲဖြာခနဲထွက်သွားတာ..လှလွန်းလို့...ကြည့်ချင်တယ်... ပါးကိုရအောင်ပြောမယ်လေနော်....နော်လို့ဂျုံးဂု...."
"အင်းပါ...ရအောင်ပြောကြည့်မယ်နော်..."
"ရေး.... ဒါမှ...ဂျုံးဂုကွ... ချစ်လိုက်တာ...."
လိုချင်တဲ့မုန့် ရသွားတဲ့ ကလေးငယ်တစ်ယောက်လိုပျော်ရွှင်မြူးပြီး သူ့ကို တင်းကြပ်နေအောင်လာဖက်တဲ့...ထယ့်လက်ချောင်းသေးသေးလေးတေ.... ပါးစပ်ကလည်း... ချစ်လိုက်တာဆိုပဲ... မင်းပြောတဲ့..ချစ်တယ်ဆိုတာ...ရိုးရိုးသားသားပေမယ့်...ငါကတော့ရင်တေထပ်ခုန်လာတယ်...ထယ်.... ရူးတော့မှာပဲကွာ....
"ဂျုံးဂု...အဲ့မှာမုန့်တွေလည်းရောင်းကြမှာနော်...မင်းမှာမုန့်ဖိုးကျန်သေးလား....ငါ့မှာနည်းနည်းပဲကျန်တော့တယ်... ဟိုနေ့ကဝယ်စားလိုက်လို့.... ဟီးဟီး...ငါ့ကိုမုန့်ဝယ်ကျွေးနော်...."
ထယ့်စကားကြောင့် သူသဘောကျကာရယ်မိလိုက်သည်...
"အရူးလေး...ဘယ်တုန်းကမဝယ်ကျွေးလို့လဲ...ငါ့မှာတော်တော်ကျန်သေးတယ်... မုန့်ဝယ်ဖို့လောက်တယ်... ကျွေးမယ်ဟုတ်ပြီလား...."
"ရေး.... ဂျုံးဂုကအကောင်းဆုံး...."
လက်မလေးတထောင်ထောင်နှင့်...နှုတ်ခမ်းလေးထော်ကာပြောလာတဲ့...ထိုအကောင်သေးလေးကိုကြည့်ရင်း...သူအချစ်တွေပိုရပါသည်......***************************
" ပါး... "
"ပြောလေ...သား..."
"ဒီည..သားတို့အနောက်ပိုင်းခဏသွားလို့ရလား... မီးရှူးမီးပန်းပွဲတော်ရှိလို့လေ... ထယ်လည်း....သွားချင်တယ်ဆိုလို့....."
" နည်းနည်းဝေးတယ်လေ... စိတ်မချဘူးသားတို့ကို...."
" သားတို့...မီးပန်းဖောက်တာကြည့်ပြီးတာနဲ့...ပြန်လာမှာပါ... အဲ့ချိနိက လာတဲ့သူတွေလည်းများမှာဆိုတော့.... ပြန်တဲ့အချိန်လည်းလူမပြတ်လောက်ဘူး....ပါး... သွားချင်လို့ပါ.."
ESTÁS LEYENDO
ETERNAL LOVE(COMPLETED)✔
FanficI Love you Tae.... You are my everything... I promise i won't leave you alone..... #Jeon Jung Kook ~~~~~Eternal love is real~~~~~ YAOI LOVE STORY.. VKOOKV YOONMIN