Unicode✅
သာယာသော မနက်ခင်း ရဲ့ နေရောင်ခြည်ဖျော့ဖျော့လေးက
ယွန်းဂီ ရဲ့ မျက်နှာပေါ်သို့ သက်ရောက်ဖြာကျသည် ။
အပြာရောင်နုနု အိပ်ရာပေါ်လူးလူးလိမ့်လိမ့်လုပ်ရင်း ဘေးနား
က အိပ်မောကျနေတဲ့ ချစ်လှစွာသောလူကြီးကို ကြည့််ပြီး ၊
အမြင်ကပ်စွာ နဖူးကို တစ်ချက်တောက်ပစ်လိုက်တော့ ၊
တအင်းအင်း တအဲအဲလုပ်ကာ ဟိုဘက်ကိုလှည့်သွားသည် ။ခပ်ပြေပြေ ကျောပြင်ကို စိုက်ကြည့်နေရင်းမှ ပေါ်လာသောအကြံ
ကြောင့် ယွန်းဂီ နှုတ်ခမ်းတွေက အလိုလို တွန့်ကွေးသွားကာ
ခပ်ညစ်ညစ် အပြုံးတစ်ခု ထွက်ပေါ်လာသည် ။"အင့်...."
Work Out လုပ်ထားသဖြင့် အနည်းငယ်တောင့်တင်းနေ
သောရင်ဘက်မာမာကြီးပေါ် တစ်ကိုယ်လုံးကို အားနဲ့ ဝုန်းခနဲ
ပစ်လှဲချလိုက်တော့ အင့်ခနဲ အသံ ထွက်လာသည် ။"ယွန်း ... ဂီ "
မျက်လုံးပြူး မျက်ဆံပြူးကာ ခါးကိုလာဖက်တွယ်ပြီး လေသံ
လေးလေးကြီးနဲ့ ပြောလာတော့ ယွန်းဂီ မျက်လုံးလေးတွေပိတ်
သည်အထိ တခစ်ခစ်ရယ်မိသည် ။" ဘာဖြစ်လို့လဲ ယွန်းဂီလေး "
" ဟီး...ဘာမှမဟုတ်ဘူး အစောကြီးရှိသေးတယ် ပြန်အိပ်
ငါထတော့မယ် လုပ်စရာရှိသေးလို့.. "" အင်း ကိုယ့်ကိုလာနှိုးချင်လာနှိုးနော် "
"အိပ်မှာဖြင့်အိပ်စမ်းပါ .. မွ.. "
ပါးအိအိကို နမ်းကာ ကုတင်ပေါ်မှ သုတ်သုတ်သုတ်သုတ်နဲ့
ဆင်းလာခဲ့လိုက်သည် ၊ နို့မို့ဆို ပြန်မအိပ်ပဲ သူ့ကိုပြန်ပြီး
ကလိမယ့် သဘောရှိတာမို့ ။
အိမ်ထောင်သက်တမ်း တစ်နှစ်ကျော်ပြီမို့ ဒီလူကြီးအကြောင်း
ကတော့ နောကြေနေပြီလေ ။မျက်နှာသစ်ကာရေမိုးချိုးပြီး အောက်ထပ်ကို ဆင်းလာခဲ့တော့
ဟိုလီ က ဘယ်တုန်းတည်းက အောက်ထပ်ရောက်နေမှန်း
မသိ ၊ ထပ်ပြီး ဆိုဖာပေါ်မှာ အခန့်သားစက်တော်ခေါ်နေလေ
သည် ။သူအပေါ်ထပ်ကို တစ်ချက်မော့ကြည့်ကာ နောက်ဖေးမီးဖို
ချောင်ကို ကုပ်ကုပ်ကုပ်ကုပ်နဲ့ ဝင်သွားလိုက်သည် ။
မီးဖိုချောင်ထဲမှာရှိတဲ့ အခန်းသေးသေးလေးတစ်ခုရဲ့ တံခါး
ကိုဖွင့်လိုက်တော့ မြင်လိုက်ရတဲ့ အထုပ်တစ်ထုပ်ကြောင့်
ပြီတီတီပြုံးမိလိုက်သည်။
CZYTASZ
ETERNAL LOVE(COMPLETED)✔
FanfictionI Love you Tae.... You are my everything... I promise i won't leave you alone..... #Jeon Jung Kook ~~~~~Eternal love is real~~~~~ YAOI LOVE STORY.. VKOOKV YOONMIN