Chapter 20

9.3K 724 57
                                    

Unicode✅

"ကို ထယ့်ကိုအပိုင်သိမ်းချင်တယ်...ကို့ကိုခွင့်ပြုပါလား...ထယ်."

ပြတင်းပေါက်က လေပြေလေးတွေ....တိုးဝှေ့လာတဲ့ ခဏမှာ..
.လေပြေတွေနဲ့အတူနူးညံ့စွာ..တောင်းဆိုလာတဲ့ ချစ်ရသူရဲ့
စကားတခွန်း....

ထိုစကားကြောင့် နဂိုတည်းကစည်းချက်မညီဖြစ်နေတဲ့....
ထယ်ယောင်းရဲ့ဝဲဘက်ရင်အုံက ပို၍ပင် တဒိတ်ဒိတ်ခုန်လာရသည်...

ဂျုံးဂုရင်ခွင်ထဲခွေးပေါက်လေးလိုတိုးဝှေ့နေရာမှ ထိုစကားကြောင့်
ခေါင်းမော့ကာ...ကြည့်လိုက်တော့...သူသိပ်ချစ်ရတဲ့ ကြယ်လေး
တွေနဲ့တူတဲ့.... မျှော်လင့်ချက်တွေအပြည့်နဲ့ ချစ်ရသူရဲ့ မျက်ဝန်း
တစ်စုံ....

အစတည်းကထိုလူသားကိုပဲ ဘဝတခုလုံးပုံအပ်ထားပြီးသားကို...
ကြည်ကြည်ဖြူဖြူလက်ခံပြီးသားပါ.. ပျော်စရာပဲဖြစ်ဖြစ်...
နာကျင်စရာပဲဖြစ်ဖြစ်... ချစ်ရသူကသာပေးမယ်ဆိုရင်... ထိုအရာ
တွေကို ဘာမှအထွန့်မတက်ပဲ ကျေကျေနပ်နပ်ကြီးခံယူမှာပါ.....

အရှက်သည်းစွာ ခေါင်းညိမ့်မိတော့.... ချစ်ရသူရဲ့ ကျေနပ်တဲ့အပြုံး
လေးကို တွေ့လိုက်ရပါသေးသည်....
ချစ်လိုက်တာ...ဂျုံးဂုကို....

"တကယ်လား...ထယ်... နောင်တမရကြေးနော်..."

"ဂျုံးဂုကလည်း... ရှက်ပါတယ်ဆို...."

ရှက်လွန်းလို့ ရင်ခွင်ထဲ မျက်နှာအပ်ထားမိသည်.... တကယ်ပါပဲ
ဒီလူကြီးက စကားကို ဘလိုတွေပြောနေမှန်းမသိဘူး ရှက်တာကို
ဝန်ခံနေရတယ်....

" အ.... "

ရုတ်တရက်ပွေ့ချီခံလိုက်ရမှုကြောင့်....  လန့်သွားရသည်....
ပြုတ်ကျမှာစိုး၍...ခြေထောက်နှစ်ချောင်းကိုသူ့ခါးထက်ချိတ်တွယ်
ထားတော့...ခါးကိုတင်းကြပ်စွာဖကိတွယ်ထားတဲ့ ဂျုံးဂုရယ်....

အိပ်ခန်းလေးထဲရောက်တော့...ဂျုံးဂု... ထယ့်ကိုယ်လုံးသေးသေး
လေးကိုမွေ့ရာပေါ်အသာချပေးလိုက်မိသည်....... 
အပေါ်ကနေအုပ်မိုးကာ.. မျက်နှာသေးသေးလေးကို ရွှန်းရွှန်းစားစား
မြတ်မြတ်နိုးနိုးကြည့်လိုက်တော့... မျက်နှာလေးကရဲနေသယောင်
ယောင်... မျက်ဝန်းနက်လေးတွေက သူ့ကိုချစ်ပါဟုဖိတ်ခေါ်နေ
လေရဲ့...

ETERNAL LOVE(COMPLETED)✔ Donde viven las historias. Descúbrelo ahora