Chapter 5

10.3K 938 17
                                    

Unicode✅

" ဂျုံး....ဂု.... "

" အင်း...ပြောလေထယ်.... ဘာဖြစ်လို့လဲ..."

ဂျုံးဂု..စာဖတ်နေရင်းမှ ထယ့်ကိုလှမ်းကြည့်ကာ ပြန်ထူးလိုက်သည်....... ထယ် ခုထိနေမကောင်းသေး... မိုးရေထဲ ဆော့မယ်ဆိုပြီး..အလိုလိုက်ခဲ့မိတာတောင်... နောင်တရမိသည်... ခုလည်းကုတင်ပေါ်မှ ..တုန်တုန်ယင်ယင်..အသံလေးနဲ့လှမ်းခေါ်နေသည်...

"ဂျုံးဂု.. ငါတော်တော်ချမ်းနေတယ်... ဟင့်..."

"ဟင်... တော်တော်ချမ်းနေလား...ငါဘာလုပ်ပေးရမလဲ.. "

"မသိဘူး...ချမ်းတာပဲသိတယ်ကွာ.... "

ကြည့်.... နေမကောင်းတဲ့ကြားက ဆူပုပ်ပုပ်လှမ်းအော်သေးသည်...

သူ ထယ့် ကုတင်ပေါ်တက်လိုက်ကာ.. ထယ့်ကိုယ်လုံးဘေးဝင်လှဲလိုက်သည်... ထို့နောက် .. ထယ့်ကိုယ်လုံးသေးသေးကိုဆွဲယူကာ... သူဖက်ထားလိုက်သည်...နေမကောင်းတော့..လူလေးကအားမရှိ.. သူဆွဲလှည့်ကာထက်တော့.. အသာအယာပင်.. သူ့ဘက်ပါလာသည် အကောင်ပေါက်ကလေးက... တအင်းအင်းနဲ့... သူ့လက်မောင်းကြားထဲမှာငြိမ်ဝပ်နေသည်....

ထယ်....ချမ်းသေးလားမချမ်းသေးလားသူမသိ.... သူသိတာတခုရှိသည်...
သူ့ရင်ဘတ်ကြီးတော်တော်..ခုန်နေသည်...ဘာလို့မှန်းမသိ... ပါးနဲ့မားသူ့ကိုမွေးစားပြီးတည်းက....ထယ်နဲ့ညီအစ်ကိုအဖြစ်ရော... အသက်သိပ်မကွာသဖြင့်...သူငယ်ချင်းအဖြစ်ရော..နေလာတာဖြင့်...
နှစ်တေကြာနေပြီ....

ခုမှသူ့နှလုံးခုန်သံကို..သူသတိထားမိတာလား.... ထယ့်ကို..စတွေ့တည်းက... ထယ့်ကို သူနဲ့အတူရှိနေချင်တဲ့စိတ်တခုတည်းနဲ့...ဖြစ်တည်လာတာ... အခုကော... ဒီထက်စိတ်ခံစားချက်တေ...ပိုနေတာလား.... သူဝေခွဲမရ....သူကလည်းသူပဲ... ထယ်..မျက်နှာတချက်ပျက်ရင်..ကမ္ဘာပျက်မတတ်ဖြစ်နေတာ...

ပြီးရင်...ထယ်က... အထက်တန်းရောက်လာလေလေ .. ပိုပိုချောလာလေလေ.. ချစ်ဖို့ကောင်းလာလေလေ.. ပေါင်းသင်းဆက်ဆံရေးလည်းကောင်းတော့.. မိန်းကလေးတေကလည်း..ထယ့်နဲ့အရောတဝင်နေချင်ကြသည်...ထိုသို့မိန်းကလေးတေထယ်နဲ့ အရောတဝင်လာလုပ်ရင်...သူမကြိုက်... သူမနာလိုတာတော့လုံးဝမဟုတ်ဘူး... သဝန်တိုတာလားဆိုတော့လည်း... အင်း... ထယ်..သူ့ထက်...တခြားသူကိုပိုရင်းနှီးသွားမှာကြောက်တာ... ..

ETERNAL LOVE(COMPLETED)✔ Where stories live. Discover now