Chapter 16

9.6K 781 47
                                    

Unicode✅

"ဂျုံးဂု...အေးတယ်...အပေါ်တက်ရအောင်...."

ရင်ခွင်ထဲမှာတော်တော်ကြာငြိမ်နေရာမှ...နောက်ဆုံးတော့အသံလေး
ထွက်လာသည်....
ဟုတ်သားပဲ...သူကိုယ်တိုင်ကလည်း... ထယ့်ကိုဘလောက်ကြာကြာ
ဖက်ထားမိလဲမသိ.... ရင်ခွင်ထဲမှထွက်ကာ ခေါင်းလေးမော့လာတော့
မျက်ရည်လေးတွေတောင်ခြောက်စပြုနေပြီ....

ထယ့်နောက်ကနေ လိုက်သွားပြီး...ထယ့်တိုက်ခန်းလေးထဲရောက်
တော့... ပထမဆုံးတွေ့လိုက်ရတာက ... ထယ်နဲ့ပါးရဲ့ ထယ်ဘွဲ့ယူ
တုန်းကရိုက်ထားတဲ့ဓာတ်ပုံကြီး .... ထယ်ဘွဲ့ယူတာ မားတောင်
မမှီလိုက်ဘူးပဲ.....

"အဲ့ဒါ ငါဘွဲ့ယူတုန်းကလေ... မား...မားတော့...မပါနိုင်ခဲ့ဘူး..."
သူ့ကိုပြောရင်းနဲ့အသံလေးတိမ်ဝင်သွားကာ..ခေါင်းလေးငုံ့သွားသည်
ထယ့် ကိုယ်လုံးလေးကိုအသာဆွဲယူပြီး..ရင်ခွင်ထဲထပ်မံထည့်သွင်း
ထားမိသည်.... မထိတွေ့မနမ်းရှိုက်ရတာကြာပြီဖြစ်တဲ့ ထယ့်ဆံပင်
ပျော့ပျော့လေးတွေကို...အသာနမ်းရှိုက်ပြီး... လက်ကလေးနဲ့ အသာ
ပွတ်ပေးနေမိသည်.....

"ကိုလည်းဒီနေ့မှသိရတယ်...ကို...ကိုကြားကြားချင်းတအားငိုခဲ့ရတာ
ကို ပါးနဲ့မားအပေါ်တာဝန်မကျေခဲ့ဘူး...ထယ်... အဲ့တော့...ကိုတို့
နှစ်ယောက်က... ပါးနဲ့မား စိတ်ကျေနပ်အောင်... အကောင်းဆုံးတွေ
ပဲလုပ်ရင်.... သူတို့ပျော်နေမှာပါ.....ကိုရှိတယ်နော်..ထယ်...ကို
ထယ့်ကို ဘယ်တော့မှတစ်ယောက်တည်းထားမသွားတော့ဘူးနော်..."

"အင်း...ဂျုံးဂု...ချစ်...ချစ်တယ်..."
သူပြုံးမိပါသည်...နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိပါသည်....
အချိန်တိုင်းနေ့ရက်တိုင်းလွမ်းနေခဲ့ရတဲ့ ရင်နှင့်အမျှ ကြားချင်နေခဲ့ရတဲ့
ချစ်တယ် ဆိုသော စကားလေးကို ထယ်အခုပြောလိုက်သည်လေ....

"ကိုလည်းအရမ်းချစ်တယ်...."

"ဒါ..ဒါနဲ့လေ..ဂျုံးဂု..."

"ပြောလေ...ထယ်..."

"ဟို... ငါမင်းတို့ companyမှာပဲအလုပ်လုပ်နေတယ်သိလား..."

"ဟင်.... တကယ်လား..ကိုမသိ... အာ... မနက်တုန်းက
ကိုဋ္ဌာနချုပ်ဘက်လာတော့..ကို့ကိုကျောပေးထားတာထယ်လား.."

ETERNAL LOVE(COMPLETED)✔ Où les histoires vivent. Découvrez maintenant