Unicode✅
" ထယ်...ကလေးလေးရေ...ဂျွန်ထယ်ယောင်းလေးရေ..
ကိုယ့်ရဲ့ အချစ်ဆုံးလေးရေ... ငဂျစ်လေးရေ.. လိမ္မာတယ်
ကွာ..မဆိုးစမ်းနဲ့ .. နေမကောင်းတာ ဆေးထသောက်ရ
မှာလေ...ခရုဆန်ပြုတ် လေးမွှေးမွှေးလေးရယ်..ဒါလေး
စားပြီးဆေးသောက်နော်..."တခြားသူတွေအတွက်ကတော့ ဒီလို နေ့လေးဟာတကယ်
ကိုရင်ခုန်စရာ ပျော်စရာ ကြည်နူးစရာတွေအပြည့်နဲ့ဖြစ်နေ
သော်လည်း ထယ်ယောင်းအတွက်ကတော့ တကယ်ကို
အကြီးအကျယ်နေမကောင်းတွေဖြစ်တဲ့နေ့ပါပဲ ။
ဟုတ်ပါသည်။ Valentine day နေ့ရောက်မှ ထယ်ယောင်း
ညတည်းကအကြီးအကျယ်ထဖျားကာ ခုမနက်ရောက်သည်
အထိ အဖျားကတော်တော်နဲ့မကျသေး။ကိုယ်က Valentine day နေ့အတွက် ဂျုံးဂုနဲ့ ဂျပန်ကို
မနက်အစောလေယာဉ်နဲ့ခရီးထွက်ပြီးလျှောက်သွားရမှာ
ဖြစ်တာကြောင့် အရမ်းတွေပျော်ပြီး စိတ်ကူးယဉ်ခဲ့ ပျော်နေ
ခဲ့တာ ၊ လေယာဉ်လက်မှတ်တွေရော တည်းရမယ့်နေရာရော
အဆင်သင့်လုပ်ပြီးသား ။
ဟုတ်ပါသည် ဒါဟာ သူ့ရဲ့ ဂျုံးဂုအတွက် Valentine day
Present ပင်ဖြစ်သည်၊ အမြဲအလုပ်ပုံပဲခေါင်းမြုပ်နေတဲ့
ဂျုံးဂုကခရီးဝေးသွားရင် ဖျားတတ်တဲ့သူ့ကိုငဲ့ကာ ဝေးဝေးလံလံ
နေရာမသွားဖြစ်တာကြောင့် ထယ်ယောင်း တစ်ယောက်
ကိုယ်တိုင်စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။အခုတော့ အားလုံးရေစုန်မျှောသွားသလိုပဲ၊
ဂျုံးဂုကလည်း သူနေမကောင်းတာကြောင်ံ ခရီးထွက်မှာကို
ဖျက်လိုက်သည် ။
စစသိချင်းတုန်းကဆို ဂျုံးဂု အရမ်းပျော်နေခဲ့တာ..
ခုတော့ သူ့ကြောင့်မသွားရတော့ပေမယ့် အပြုံးမပျက် လုံးဝ
မဆူဘဲ စိတ်မဆိုးဘဲ တညလုံးမအိပ်ဘဲဘေးနား နေပေးခဲ့တာ..
အရင်နေ့တွေက အပြင်တွေလျှောက်
သွားပြီး သေချာဂရုမစိုက်ဘဲနေလိုက်တာကြောင့်
အပူရှပ်ကာ ဖျားသွားခြငိးဖြစ်သည်။
လူက လုံးဝမထနိုင် ၊ ညတုန်းကဆို ကျစ်ကျစ်တောက်ပူနေ
လိုက်တာများ ၊ ဂျုံးဂု သူ့အနားမှာ တစ်ညလုံး ထိုင်စောင့်ပြီး
ရေပက် တိုက်ပေးထားတာကြောင့် နည်းနည်းသက်သာနေ
ခြင်းဖြစ်သည် ။ခုလည်းမသောက်ချင်သော ဆေး ကို ခရုဆန်ပြုတ်နဲ့လာ
မျှားပြီး အတင်းတိုက်နေတာကြောင့် စောင်ခေါင်းမြီးခြုံကာ
ဂျီကျနေခြင်းဖြစ်သည်။
KAMU SEDANG MEMBACA
ETERNAL LOVE(COMPLETED)✔
Fiksi PenggemarI Love you Tae.... You are my everything... I promise i won't leave you alone..... #Jeon Jung Kook ~~~~~Eternal love is real~~~~~ YAOI LOVE STORY.. VKOOKV YOONMIN