Unicode✅
ပြတင်းပေါက်က နေအလင်းရောင်စူးစူးကြောင့်.... ထယ်ယောင်း
လှုပ်လှုပ်ရွရွနဲ့ နိုးလာသည်.... ကျောအနောက်ဘက်က ရင်ငွေ့
နွေးနွေးနဲ့... ခါးနားဆီမှ...လက်တွေနဲ့ဖက်တွယ်ထားခံရသလို
ခံစားမိသောကြောင့်.... အနည်းငယ်မျက်လုံးကျယ်သွားသည်...
ဘာလားဟ.... ဂျုံးဂုလား....လက်လေးကိုအသာဖယ်ချပြီးတဖက်လှည့်လိုက်တော့... အမှန်ပင်
ဂျုံးဂု ဖြစ်နေသည်... ဟင်...မနေ့ညကဘာတွေဘလိုဖြစ်ခဲ့တာလဲ.....
အသောက်များသွားလို့ထင်သည်....ခေါင်းကလည်း..နည်းနည်း
ကိုက်သလိုလို.... ခေါင်းကိုလက်နဲ့အသာဖိလိုက်ရင်း ဂျုံးဂုကို
ကြည့်လိုက်တော့... တရှူးရှူးနဲ့အိပ်ပျော်နေတာ... ငယ်ငယ်က
ပုံစံအတိုင်းပဲ... ဒီလူကြီးပိုချောလာတာကလွဲလို့ပေါ့....
ထယ်ယောင်းမကျေနပ်... ဒီအရွယ်ရောက်လာပြီ...ဂျုံးဂုက
လူကောင်ကြီးလာပြီး အရပ်တေလည်းရှည်ကာ..ပိုပိုချောလာသည်...
သူကျတော့ ခန္ဓာကိုယ် သေးသေးလေး... ဗိုက်လေးတောင်
အနည်းငယ်ပူနေလိုက်သေးသည်....
အမ်.... ဗိုက်ပူတယ်ဆိုလို့... ကိုယ့်ကိုယ်ကို ကြည့်လိုက်တော့
အကျ်ၤ ီ ချွတ်ကြီးနဲ့.... ညကသူမူးပြီးဘာတွေပေါက်ကရလုပ်ခဲ့ပါလိမ့်"ဟာ...ဂျုံးဂု...ဂျုံးဂု..ထ...ထဦး...ဂျုံးဂု..."
"ဟင်...အင်...ထယ်..နိုးပြီလား... အင်း.........ညောင်းလိုက်တာ"
"ထ...ရုံးသွားရမှာမလား... "
"နေဦးမှီပါသေးတယ်...လာဦးကိုယ့်ဆီ..."
ပြောရင်းဆိုရင်းဂျုံးဂု...ထယ်ယောင်းကို ရင်ခွင်ထဲ ထပ်မံဆွဲသွင်းလိုက်
သည်...."ခေါင်းကိုက်နေလား ထယ်..."
"အင်း နည်းနည်း...ဒါနဲ့လေဂျုံးဂု... ငါဘာလို့ အကျ်ၤ ီချွတ်ကြီးနဲ့
ဖြစ်နေတာလဲ...""ဟင်....ဟားဟား....မမှတ်မိဘူးလား...ထယ်က "
"အင်းမမှတ်မိဘူး.."
"ထယ်...လေ...ကို့ကို.... "
ဆက်မပြောဘဲ ရပ်သွားသော ဂျုံးဂုကြောင့် ထယ်ယောင်း ရင်ခွင်ထဲမှ
လှမ်းပြီးမျက်စောင်းထိုးလိုက်သည်..."ဆက်ပြော...ဘာလဲ..ငါကမင်းကိုဘာဖြစ်လဲ .."
"ကို့ကို...ပြောတယ်လေ...ပူတယ်ဆိုပြီးကိုယ့်ဟာကိုယ် အင်္ကျ ီတွေ
ဆွဲချွတ်ပြီး ကို့ကိုလည်းလာအိပ်ဆိုပြီးအတင်းခွအိပ်တာလေ.... "
DU LIEST GERADE
ETERNAL LOVE(COMPLETED)✔
FanfictionI Love you Tae.... You are my everything... I promise i won't leave you alone..... #Jeon Jung Kook ~~~~~Eternal love is real~~~~~ YAOI LOVE STORY.. VKOOKV YOONMIN