Unicode✅
"မြေး... အဆင်သင့်ဖြစ်ပြီလား... သေချာစစ်ဦး passport တွေ
ပစ္စည်းတွေ....ကျန်ခဲ့မယ်....""ဟုတ်အဘွား...အကုန်စစ်ပြီးသွားပြီ...ဂျီမင်တို့လာခေါ်လိမ့်မယ်....
စောင့်နေရုံပဲ....""အေးပါ...ဒီကအဘိုးနဲ့အဘွားကိုထားခဲ့ပြီး....ပြန်ရမှာပျော်နေတာများ..... အဘိုးကြီး ...ရှင့်မြေးကတော်တော်မပြန်ချင်ဖြစ်နေရှာတယ်..."
"ဟီး...အဘွားကလည်း..."
"အဟမ်း....ဂျုံးဂု...အဘိုး... သတင်းဆိုးတွေမကြားချင်ဘူး...
ကောင်းကောင်းနေ အလုပ်တွေသေချာကိုင်တွယ်...မြေးကို ယုံပြီးသားဆိုပေမယ့်...စီးပွားရေးလောကဆိုတာသိတဲ့အတိုင်းပဲ... စေ့စပ်
သေချာနေပါစေ... သတင်းကောင်းတွေပဲကြားချင်တယ်... အဘိုးတို့ဆီလည်းမကြာခဏ ဖုန်းခေါ်... ဟုတ်ပြီလား...""ဟုတ်အဘိုး...သားတော့အဘိုးနဲ့အဘွားကိုလွမ်းနေတော့မှာပဲ...
အဘွားရဲ့... ကင်မ်ချီဟင်းရည်လေးရောပဲ....""အပိုတွေပါ..."
ဂျုံးဂုလည်းမပြန်ခင်လေး အဘိူးနဲ့အဘွားကိုကပ်ချွဲနေလိုက်သည်....
အကြာကြီးမခွဲချင်ပေမယ့်လည်း... အလုပ်ကိစ္စတွေရယ်...တခြား
အကြောင်းအရာတွေရယ်ရှိသေးသည်ကိုး....တီး.....တောင်......
"ဟာ...ဂျီမင်တို့လာပြီထင်တယ်..."
"နေနေ...အဘွားသွားဖွင့်ပေးလိုက်မယ်..."
"ဟာ...အဘွား... နေကောင်းလား...ဟီးဟီး...ဂျုံးဂုရော..."
"ရှိပါတယ်ကွယ်.... လာလာ...."
"ဟျောင့် ဂျုံးဂု... ပြီးပြီလား...သွားမယ်... ဗိုက်ဆာနေပြီ...."
ဟိုဆော့ကအာပြဲလျှာပြဲနဲ့ပြောတော့..."မင်းကလည်း... အားနေစားဖို့ချည်းပဲ..."
"ဟီး..မြန်မြန်သွားကြမယ်..."
"အဘွား...သားတို့သွားပြီ... ကျန်းမာရေးဂရုစိုက်... အဘိုးရောပဲ...
ဟိုရောက်ရင်.. video callခေါ်လိုက်မယ်...""အေ့ပါကွယ်.. စိတ်ချပါ... ဂရုစိုက်သွား.. နေကောင်းအောင်နေနော်...
မြေး...""ဟုတ်...သားသွားပြီနော်..."
အဘိုးနှင့်အဘွားက လက်ကလေးတပြပြနှင့်... စိတ်ထဲတောင်
မကောင်း.... ဂျုံးဂုလည်းနောက်တချက်ပြန်လှည့်ကာ.. လက်ပြပြီး
ဟိုကလေးလူကြီးနှစ်ကောင်နဲ့ လေဆိပ်သို့ စတင်ထွက်ခွာတော့သည်.. ..
![](https://img.wattpad.com/cover/149607952-288-k909636.jpg)
BINABASA MO ANG
ETERNAL LOVE(COMPLETED)✔
FanfictionI Love you Tae.... You are my everything... I promise i won't leave you alone..... #Jeon Jung Kook ~~~~~Eternal love is real~~~~~ YAOI LOVE STORY.. VKOOKV YOONMIN