Chapter 4

10.6K 967 20
                                    

Unicode✅

မိုးကောင်ကင်ထက်က... နူးညံ့တဲ့ ဂွမ်းစိုင်လေးတွေလို... တိမ်တိုက်တွေက.. ... အုံ့အုံ့မှိုင်းမှိုင်းနှင့်... ရွေ့လျားနေသည်... မိုးအုံ့နေပါလား.... ဒီပုံစံအတိုင်းဆို..မိုးရွာတော့မည်..
ရာသီဥတုကတော့...ကင်မ်ထယ်ယောင်းတို့ဘက် ..ပါတော့မည်ထင်သည်ဟု...ဂျုံးဂုတွေးလိုက်မိသည်....

အမှန်ပါ... ထယ် ..တစ်ယောက်...မိုးရွာပြီဆိုရင်... ဖင်နာပြီ...ခေါင်းကိုက်ပြီ... ကိုယ်လက်နာပြီနဲ့... အကြောင်းအမျိုးမျိုးပေးကာ...အိပ်ရာထဲကွေးနေချင်သဖြင့်.... စာမလုပ်ချင်ကြောင်း အကြောင်းအမျိုးမျိုး....ရှာတတ်သည်...
အဓိက အကြောင်းပြချက်ကတော့...မိုးရွာခြင်းကိုအကြောင်းပြတတ်သည်...

အချိန်တေအကုန်မြန်သည်ဟုပြောရမည်... သူနဲ့ထယ်...အထက်တန်းပထမနှစ် ရောက်လာပြီဖြစ်သည်... အလယ်တန်းနောကိဆုံးနှစ်စာမေးပွဲတုန်းက.... ထယ်...ကသူနဲ့ အခန်းတူချင်တယ်ဆိုပြီးစာအသည်းအသန် လုပ်သည်... ခုတော့ အေးဆေးပင်..အခန်းတူသွားတော့..ထယ်လည်းပျော်သည်...သူလည်းစိတ်ပူတာလျော့ရသည်....

"ဂျုံးဂု..... ဒီနေ့ ငါ့ကို...သချ်ာရှင်းပြပေးဦးနော်.... အဲ့အခန်းငါမရဘူး.... "

ဘလိုဘလို... သူနားကြားများမှားလား.. ထယ်က စာရှင်းပြတဲ့... မိုးကရွာမှာ တော့ ...သေချာနေတာကို.....

"ငါ နားကြားမှားတာလား..ထယ်..စာရှင်းပြလို့ပြောလိုက်တာလား..."

"ဂျုံးဂုကလည်း... မင်းနော်...မင်းပဲ..ဒီစာတေက ခက်တယ်ဆို..ငါမှလိုက်နားမထောင်ထားတာ..."

"ဟားဟား...အင်းပါ..... တခါရှင်းပြရင်...တခါဇက်ကြောနှိပ်ပေးနော်... "
ဂျုံးဂု.. သူ့ရှေ့ကစပျစ်သီးခြင်းထဲမှ စပျစ်သီး နှစ်လုံးသုံးလုံး.. ဆက်တိုက် ယူစားရင်း.. ခပ်မြောက်မြောက် ပြောလိုက်သည်.....

ထယ်ယောင်း၏ မျက်စောင်းတစ်ခု ဂျုံးဂုထံဒိုင်းခနဲရောက်လာသည်......
" အေ့ပါ... သေချာနှိပ်ပေးမှာ...လည်စိ ကိုပါ လက်ဝါးစောင်းနဲ့ ရိုက်ပေးမယ်.... စားပြီးအစာတေ မျိုချရလွန်းလို့လည်ချောင်း ညောင်းနေမှာစိုးလို့.... "

ခပ်ရွဲ့ရွဲ့ပြောလိုက်တော့...ဟားတိုက်ရယ်နေသော...
ယုန်ကောင်ကြီး...... ဂျုံးဂု ရယ်ရင်သိပ်အမြင်ကပ်တာပဲ... သိပ်ကိုချောနေတယ်... ရယ်လိုက်ရင် ရှေ့သွားလေးနှစ်ချောင်းပေါ်ပြီး.... ချစ်ဖို့ကောင်းတယ်လို့သူထင်တယ်..... ဂေဟာမှာတွေ့တည်းက...သူ့ကို စတွေ့ချင်း.. ဂျုံးဂုရယ်ပြတဲ့ပုံလေး... ခုထိမျက်လုံးထဲကမထွက်ဘူး.... ခုလို ဒီချိန်တွေထိ တူတူကြီးပြင်းလာခဲ့မယ်လို့လည်း... မထင်ထားခဲ့မိဘူး....
သူ့ဘဝမှာ အရာရာနေပျော်တယ်လို့ ထယ်ယောင်း ခံစားတွေးမိသည်.... ခုထိလည်း...ဂျုံးဂုရယ်...ပါးရယ်မားရယ်..ရှိနေတဲ့ အတွက်...သူနေပျော်တယ်.....

ETERNAL LOVE(COMPLETED)✔ Where stories live. Discover now