Chapter-2
မင်းသားယွေ့အား ခစားခြင်း
လဲ့ယောင်းယောင်းဟာ ကြောက်လန့်နေခဲ့ တယ်။ ပြီးတော့ သူမ ဒါကို လုပ်ချင်စိတ်လဲ မရှိဘူး ဒါပေမဲ့ သူမဟာ ကောင်းကင်ကြီး သူမအပေါ် ပြို ကျလာတာတောင် အဆင်ပြေအောင်နေတတ်တဲ့ လူစားမျိုး။ သူမရဲ့ဘေးပတ်ပတ်လည်က အလွန်လှပတဲ့ ရှေးဟောင်းဗိသုကာ လက်ရာတွေကို မြင်လိုက်ရတဲ့ အချိန်မှာတော့ သူမရဲ့နှလုံးသားထဲမှာ စိတ်အနှောင့်အယှက်တစ်စုံတစ်ရာ ဖြစ်ဖို့တောင် အချိန်မရှိတော့ဘူး။"Oh My Goodness!! ဒါတွေက အရမ်းလှတာပဲ!! .. "
လဲ့ယောင်းယောင်းဟာ အံ့သြလွန်းလို့
အာမေဍိတ်သံတွေတောင်ထွက်ကျလာတယ်။ ထို့အပြင် သူမရဲ့ပါးစပ်ဟာလည်း အကျယ်ကြီး ပွင့်ဟနေပြီ သူမရဲ့ စိတ်လှုပ်ရှားမှုတွေက အရမ်းကို သိသာနေတယ်။အတိတ်ကိုပြန်တွေးကြည့်ရင်လဲ သူမဟာ ရှေးဟောင်းဗိသုကာလက်ရာတွေကို ကြည့်ရတာ အမြဲနှစ်သက်ခဲ့တယ်။ သူမကပေကျင်း မှာရှိတဲ့ တားမြစ်ထားတဲ့မြို့တော်(Forbidden City) ကို သွားဖို့အတွက် တွေးခဲ့ဖူးတယ် ဒါပေမဲ့ အမှတ်မထင်သူမ မလုပ်နိုင်သေးခင်မှာပဲ အဆုံးသတ်သွားခဲ့တယ်။
YOU ARE READING
ကိုယ်ဝန်နဲ့ မိန်းမစိုးလေး (Myanmar Translation)
Historical FictionHello.. This is my second translation work and hope u guys will enjoy..❤ I don't own this story and i'm just a translator. I give all full credit to original author and english translation team. Collaboration with - Peach-Niel Book cover design...