Chapter - 12
ဓားစာခံထားခြင်း!အခြားလုပ်ကြံသတ်ဖြတ်သူတွေလည်း ပါးဟူးရဲ့ လှောင်ပြောင်သံကို ကြားတဲ့အခါ ချက်ချင်းပဲ တခွီးခွီးထရယ်ကြတယ်။ သူတို့ရယ်နေတဲ့ ပုံစံဟာ လဲ့ယောင်းယောင်းရဲ့သွေးတွေကို ဆူပွက်လာစေတယ်။
နင့်အမေပဲ ယောက်ျားမဟုတ် မိန်းမမဟုတ် သောက်ခြောက်ဖြစ်! နင်တို့တစ်မျိုးလုံးတစ်ဆွေလုံးပဲ ဟိုမရောက်ဒီမရောက် ဖားတစ်ပိုင်းငါးတစ်ပိုင်းဖြစ်.. !
လဲ့ယောင်းယောင်းဟာ ဒေါသထွက်ရလွန်းလို့ သူမရဲ့မျက်နှာသေးသေးလေးတောင် နီမြန်းနေပြီ။ သူမရဲ့ လက်သီးလေးတွေကို တင်းတင်းဆုပ်ထားရင်း ထိုဘဲကြီးတွေကို မှတ်လောက်သားလောက်ဖြစ်သွားအောင် သွားဆုံးမပြစ်ချင်နေတယ်။
လောင်ကျွင်းယွီကတော့ အဲ့စကားတွေကို အရေးတယူရှိနေပုံမပေါ်ပေ သို့သော် သူ့စိတ်ထဲမယ်တော့ ဒေါသအမြောင်းလိုက် ထွက်နေမယ်ဆိုတာ သူမသိနေခဲ့တယ်။ ပြီးတော့ များမကြာမီအချိန်အတွင်း ကြီးမားတဲ့ အကျိုးဆက်ကြီးဖြစ်ပေါ်လာတော့မယ်...။
လောင်ကျွင်းယွီရဲ့မျက်နှာဟာ ရေတွင်းနက်ထဲငုံ့ကြည့်နေရတာနှင့် အလားသဏ္ဍာန်တူတာကြောင့် သူရဲ့မျက်နှာကို မည်သူမှ မဖတ်နိုင်ခဲ့ပေ။ သူစကားတစ်ခွန်းမှမဟရသေးခင် သူ့ရဲ့လှုပ်ရှားမှုတွေက အားလုံးပြောပြသွားခဲ့လေပြီ... ။
လဲ့ယောင်းယောင်းဟာ ရိုးရှင်းတဲ့ လူမှုဘဝမှာပဲ ကြီးပြင်းလာခဲ့တာ.. ထို့ကြောင့် သူမဟာ ဒီလို သွေးထွက်သံယိုမြင်ကွင်းမျိုးကို TV ပေါ်မှာမှအပ အပြင်ဘက်မှာ နဖူးတွေ့ဒူးတွေ့ မတွေ့ဖူးသေးပေ။
အခုများတော့, သူမဟာ အရာအားလုံးကို Live ဗားရှင်းနဲ့ ကြည့်ရတော့မယ်။ သူမနောက်ဆုံးတော့ တကယ့် Fighter အစစ်ကို တွေ့ခွင့်ရခဲ့ပြီ။
သူမစိတ်ထဲဝယ် ရှောင်မုဇီ တစ်ခါကပြောခဲ့သော စကားများကို ပြန်ကြားယောင်လာတယ်။
YOU ARE READING
ကိုယ်ဝန်နဲ့ မိန်းမစိုးလေး (Myanmar Translation)
Historical FictionHello.. This is my second translation work and hope u guys will enjoy..❤ I don't own this story and i'm just a translator. I give all full credit to original author and english translation team. Collaboration with - Peach-Niel Book cover design...