Chapter-1 အချိန်တွေကိုကျော်ဖြတ်ကာ မိန်းမစိုးဖြစ်လာခြင်း။
လဲ့ယောင်းယောင်းဟာ ကံစိုးမိုးမှောင်ကျနေတယ်လို့ ခံစားနေရတယ်။ သူမရဲ့မျက်လုံးတွေကို ကြမ်းကြမ်းတမ်းတမ်း ပွတ်သပ်ခဲ့ပါသော်လည်း သူမတွေ့နေရတဲ့ မြစ်ထဲက ပုံရိပ်ဟာ သူမရဲ့မျက်နှာအစစ်မဟုတ်ဘူး။ ဒါ့အပြင် ဒီပုံရိပ်လေးကအတော်လှတယ်။ ဘဲဥပုံမျက်နှာ၊ ကွေ့ကောက်တဲ့မျက်ခုံးနက်နက်လေး၊ နှာခေါင်းလုံးလုံးလေ၊ ဆွဲဆောင်မှုရှိတဲ့နှုတ်ခမ်းရဲရဲလေး၊ပြီးတော့ လေးနက်တဲ့မျက်ဝန်းတစ်စုံ တို့ရှိနေတယ်။ ဒါကအံ့ဖွယ်ကောင်းတဲ့ အချိုးကျနမှုပဲ လုံးဝကိုပြည့်စုံတယ်။လဲ့ယောင်းယောင်းဟာ တီဗွီနဲ့မဂ္ဂဇင်းတွေမှာ အလွန်တရာလှပတဲ့ မိန်းမတွေကိုတွေ့ဖူးခဲ့သော်လည်း ဒီအလှပိုင်ရှင်လေးကို ဘယ်သူမှမမှီကြဘူး။ လဲ့ယောင်းယောင်း ဒီပုံရိပ်လေးကို အတော်ကြာတဲ့အထိ အကြည့်မလွှဲနိုင်ခဲ့ဘူး။ တစ်ယောက်ယောက် သူမကိုဘာဖြစ်နေလဲဆိုတာ ပြောပြကြပါလား... ?
သူမလုပ်ခဲ့တာဆိုလို့ နွေရာသီပိတ်ရက်မှာ သူမ သူငယ်ချင်းတွေနဲ့ ဘန်ဂီခုန်ခဲ့ယုံလေးတင်ပါ...သူမ,မခုန်ချခင် မျက်လုံးမှိတ်ခဲ့ပြီး မျက်လုံးပြန်ဖွင့်ချိန်မှာ သူမကထူးဆန်းတဲ့နေရာကို ရောက်နေခဲ့တယ်။
သူမ, သူငယ်ချင်းတွေရော? ဒီနေရာကရော ဘာလဲ? သူမကရောဘယ်မှာလဲ?
လဲ့ယောင်းယောင်းကို နောက်ထပ် စိတ်အနှောင့်အယှက်ပေးနေတဲ့ အရာက သူမရဲ့ ဒီ'ဆွဲဆောင်မှုရှိလွန်းတဲ့အလှ' ပြီးတော့ သူမက ဘာလို့ နက်ပြာရောင်မိန်းမစိုးဝတ်စုံကို ဝတ်ဆင်ထားရတာလဲ? သူမရဲ့ခန္ဓာကိုယ်ကို ပြန်စစ်ဆေးခဲ့တယ်။ ဒီခန္ဓာကိုယ်ပိုင်ရှင်က မိန်းခလေးပဲ! အန်.... ဒါဆို ဘာတွေဖြစ်ကုန်တာလဲ?
ESTÁS LEYENDO
ကိုယ်ဝန်နဲ့ မိန်းမစိုးလေး (Myanmar Translation)
Ficción históricaHello.. This is my second translation work and hope u guys will enjoy..❤ I don't own this story and i'm just a translator. I give all full credit to original author and english translation team. Collaboration with - Peach-Niel Book cover design...