Chapter - 11

4.6K 491 22
                                    

Chapter - 11
မစိုးရိမ်​နဲ့​နော်​ ကိုယ်​ဒီမှာရှိတယ်​ :3

    အရင်​က ဘာ​တွေဖြစ်​ခဲ့လဲ သူမ မသိရိုးအမှန်​ပါ။ သူမ သိ​နေတာတစ်​ခုက သူမရဲ့အခုလက်​ရှိအ​ခြေအ​နေက သံသယဝင်​စရာမလို​တော့​လောက်​​အောင်​ ဘာမဆိုဖြစ်​ပျက်​သွားနိုင်​တယ်​ဆိုတာပဲ။

   အကယ်​လို့ သူတို့တိုက်​ခိုက်​လာပြီဆိုရင်​​တော့ သူမဂြိုလ်​ဆိုးဝင်​ပြီ​ပေါ့။ သူမဆိုသည်​မှာလဲ ကြက်​​လေးငှက်​​လေးတစ်​​ကောင်​​တောင်​ သတ်​နိုင်​တဲ့အင်​အားရှိတာမဟုတ်​ဘူး။ ဒါ​ကြောင့်​ သူမရဲ့​လေ့လာချက်​အရဆိုရင်​ သူမ မကြာခင်​မှာ မလကဈန်​ကြွတော့မယ်​။

     သူမ​ဘေးကလူက​တော့ သူခုနက​ပြောတဲ့ စကား​တွေနဲ့အတူ စွန်​ရမ်းကိုတက်​ကြွသန်​မာ​နေတယ်​။
( အရင်​အပိုင်းမှာ လူဆိုး​တွေကို ခနဲ့ထားတာကို​ပြောချင်​တာ xD)

   သူမ​ဘေးကလူဟာ ဘယ်​​လောက်​အန္တရာယ်​တဲ့များတဲ့လူလဲ သူမနားလည်​​ပေမဲ့ တရုတ်​စကားပုံတစ်​ခုရှိတယ်​​လေ " လက်​သီးနှစ်​လုံးရှိလည်း လက်​​လေးဖက်​ကို မယှဉ်​နိုင်​ဘူး" ဆိုတာ....

    တစ်​ဒါဇင်​​တောင်​​ကျော်​ဦးမဲ့ လူအုပ်​ကြီးကို သူတို့နှစ်​​ယောက်​ထဲရင်​ဆိုင်​ရမယ်​..
ပြီး​တော့ ဒင်းတို့မှာလဲ ချွန်​ထက်​တဲ့ လက်​နက်​ကိုယ်​စီနဲ့....။

    အွန်း.. ဟုတ်​ပီ.. သူမ​တော့ မကြာခင်​ လူသားလွှာဖြစ်​​တော့မယ်​..... ။

    လဲ့​ယောင်း​ယောင်းဟာ ​ပေါက်​ကရ​ပေါင်း ​သောင်း​ခြောက်​​ထောင်​ကို ​ခေါင်းထဲမှာ​တွေးရင်း သူမကိုယ်​သူမ အသားလွှာ ၈လွှာ ဖြစ်​သွားမဲ့ ပုံစံကိုပုံ​ဖော်​ကြည့်​လိုက်​တယ်​။ အခု​တော့ မရ​တော့ဘူး သူမ စွန်​ရမ်း​တွေ ထိန်းမရ​အောင်​​ကြောက်​​နေပြီ​လေ။ သူမဟာ ​ကြွေကျသွားတာနဲ့ ရက်​စက်​လှတဲ့​လေရဲ့ ဘယ်​စီဘယ်​ဝယ်​ ​ခေါ်​ဆောင်​သွားခြင်းခံရမယ်​မှန်း​မသိတဲ့ ​ကြွေလုဆဲဆဲ သစ်​ရွက်​ဝါ​လေးတစ်​ရွက်​လို ခံစား​နေရတယ်​။ (╯︵╰,)

လောင်​ကျွင်းယွီလည်း လဲ့​ယောင်း​ယောင်းရဲ့ အ​ကြောက်​တရားကို ခံစားမိပုံ​ပေါ်တယ်​။ ဒါ​ကြောင့်​ သူ့ရဲ့မျက်​လုံး​တွေဟာ အ​ရောင်​လဲ့လာပြီး ဘာမှများများစားစား မစဉ်းစား​တော့ပဲနဲ့ ​ပြောချလိုက်​တယ်​။

ကိုယ်​ဝန်​နဲ့ မိန်းမစိုး​လေး (Myanmar Translation) حيث تعيش القصص. اكتشف الآن