Chapter - 16

7.6K 487 40
                                    

Chapter-16
             ရင်းနှီး​သော ခံစားမှု (သို့) သူငယ်​ချင်း


လဲ့​​ယောင်း​ယောင်း သူမအိမ်​မက်​မက်​​နေသလိုပဲ ခံစား​နေရတယ်​။

ဒါ​ပေမယ့်​ အိမ်​မက်​ထဲက အရာအားလုံးဟာ တကယ့်​အဖြစ်​အပျက်​​တွေလိုမျိုး ခံစား​နေရတယ်​။

သူ့ရဲ့စိတ်​ကို ခန့်​မှန်းလို့မရတဲ့ ​ယောက်ျားတစ်​​ယောက်​၊လက်​စား​ချေလိုတဲ့ လုပ်​ကြံသူ​တွေ ပြီး​တော့ ​နောက်​ဆုံးမှာ နှလုံးသားမရှိတဲ့ မြှား​​ကြောင့်​​ ​နေရာတိုင်းမှာ ​သွေး​တွေပြန့်​ကျဲ​နေတာ သူမ မှတ်​မိ​နေတယ်​။

အဖြစ်​အပျက်​​တွေဟာ ဆက်​တိုက်​ဆိုသလိုပဲ လဲ့​ယောင်း​ယောင်း အသိစိတ်​ထဲမှာ ပြန်​​ပေါ်လာတယ်​။အိမ်​မက်​က​နေ သူမလန့်​နိုးလာတဲ့အခါမှာ​တော့ သူမအရမ်း​ကြောက်​ရွံ့​နေခဲ့တယ်​။

သူမ အိပ်​ယာ​ပေါ်က​နေ ခုန်​ထလိုက်​တယ်​။ သူမရဲ့နှလုံးဟာ ဆက်​ပြီးအရှိန်​ ပြင်းထန်​စွာ ခုန်​​နေ​သေးတယ်​။သူမမြင်​ခဲ့တာ​တွေနဲ့ပတ်​သက်​ပြီး စိတ်​ထိခိုက်​သလို ခံစား​နေရတယ်​။

သူမနှဖူးက​နေ ​ချွေး​တွေစီးကျလာ​နေတယ်​။လက်​တစ်​ဖက်​နဲ့ သူမရဲ့ခုန်​​နေတဲ့ နှလုံးသားကို ဖိထား​နေရတယ်​။လဲ့​ယောင်း​ယောင်း သူမရဲ့စိတ်​​တွေ တည်​ငြိမ်သွား​သည်​အထိ အသက်​ကိုကြီးစွာရှူ​နေရတယ်​။အဲ့​နောက်​ သူမကိုယ်​သူမ ခပ်​တိုးတိုး​ပြောလိုက်​တယ်​။

"ဝူး... ကံ​ကောင်းလို့ အဲ့ဒါကအိမ်​မက်​ဖြစ်​​နေလို့သာပဲ... ငါ​လေး ​သေလုနီးပါး ​ကြောက်​.....အ......"

အစက​တော့ သူမလွတ်​​မြောက်​သွားပြီ ထင်​ပြီး ဝမ်းသာ​နေတာ။သူမရဲ့ပတ်​ဝန်းကျင်​ကို လှည့်​ပတ်​ကြည့်​ပြီးတဲ့​နောက်​မှာ​တော့ လဲ့​ယောင်း​ယောင်းဟာ သူမကို မိုးကြိုးကတည့်​တည့်​ကြီး ပစ်​ချလိုက်​သလိုပဲ။သူမဟာ ​ကျောက်​ဖြစ်​ရုပ်​ကြွင်းတစ်​ခုလိုပဲ မာ​တောင့်​သွား​တော့တယ်​။

အဖြူ​ရောင်​နံရံ​တွေနဲ့ ရိုးရှင်းတဲ့အခန်းတစ်​ခုဖြစ်​​နေပြီး ထိုင်​ခုံ​လေးခုနဲ့ သစ်​သားစားပွဲတစ်​ခုလည်း ရှိ​နေတယ်​။တစ်​ချက်​ကြည့်​လိုက်​ရုံနဲ့ ဒီပစ္စည်း​တွေက ​ရှေး​ခေတ်​က အသုံးအ​ဆောင်​​တွေ ဆိုတာကို သိနိုင်​တယ်​။

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Oct 25, 2018 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

ကိုယ်​ဝန်​နဲ့ မိန်းမစိုး​လေး (Myanmar Translation) Nơi câu chuyện tồn tại. Hãy khám phá bây giờ