Chapter - 9
သူ၏ပွေ့ဖက်မှုကိုခံရခြင်းလောင်ကျွင်းယွီတုန်လှုပ်သွားတယ်။ သူ ဒီလောက်ထိ အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်ကို လုပ်မိခဲ့တယ်ဆိုတာ မယုံကြည်နိုင်ခဲ့ဘူး။
သူ ကလေးဘဝကစိတ်ဒဏ်ရာတွေကြောင့် မိန်းမတွေကို မုန်းတီးခဲ့တယ်။ ဒါပေမဲ့ သူစိတ်ဝင်စားတဲ့ လိင်အမျိုးအစားကိုတော့ သူသိသေးတယ်။ သူယောက်ျားတွေကို စိတ်မဝင်စားဘူး။
ဒါဆိုရင်... ဘာလို့လဲ.. ? သူ ဘာလို့ မိန်းမစိုး တစ်ယောက်ကို နမ်းခဲ့ရတာလဲ?
ဖြစ်နိုင်တာက... ဒီမိန်းမစိုးက အရသာရှိတဲ့ အစားအစာနဲ့တူနေလို့ သူစိတ်မထိန်းနိုင်တော့ တာလား?လောင်ကျွင်းယွီ ဆိုးဆိုးဝါးဝါး ခံစားနေရတယ်။ ဒါကြောင့် သူ လဲ့ယောင်းယောင်း ကိုထပ်ပြီး မခြိမ်းခြောက်နိုင်တော့ဘူး။ အခု သူ့ရဲ့မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးနေတဲ့ အမူအရာပဲရှိတော့တယ်။
လဲ့ယောင်းယောင်းကတော့ ထုံးစံအတိုင်း လောင်ကျွင်းယွီရဲ့စိတ်ရှုပ်ထွေးနေတဲ့ ပုံစံနောက်ကွယ်က အဓိပ္ပါယ်ကို နားမလည်ခဲ့ဘူး။ သူမ သတိထားမိတာ တစ်ခုကတော့ မင်းသားယွေ့ တော်တော်လေး ငေါင်တောင်တောင် ဖြစ်နေတယ်။
ဒါက ထွက်ပြေးဖို့အတွက် အကောင်းဆုံး အခွင့်အရေးပဲ!! မင်းသားယွေ့ ငေါင်နေရာကနေ သတိပြန်ဝင်လာပြီး ဘုမသိဘမသိ အသတ်ခံရတဲ့ ထိသာစောင့်နေရရင်တော့ ငါက သောက်ရမ်းတုံးတဲ့ ငတုံးဖြစ်သွားပြီ.. ! ဘယ်တော့မှ ဒီလိုမဖြစ်စေရဘူး... .😌
လဲ့ယောင်းယောင်းတွေးနေတုန်း.... အဒရီနယ်ဂလင်း[1]တွေ သူမရဲ့ ခန္ဓာကိုယ်ကို ဖြတ်စီးလာတယ်လို့ ခံစားလာရတယ်။ သူမ ဘေးက ငရဲမင်းလက်ကနေလွတ်ဖို့အတွက် သူမတတ်နိုင်သလောက် ကြိုးစားမယ်လို့ သူမဆုံးဖြတ်ခဲ့တယ်။ မမျှော်လင့်ပဲ, သူမအကြံအစည် အထမမြောက်သေးခင်မှာ လောင်ကျွင်းယွီဟာ သူမကို ခုန်အုပ်ခဲ့တယ်။ သားရဲတစ်ကောင်ဟာ သူ့ရဲ့သားကောင်ကို အလွတ်မပေးနိုင်သလိုမျိုး သူမကို ဖမ်းဆွဲ ထားတယ်။
VOCÊ ESTÁ LENDO
ကိုယ်ဝန်နဲ့ မိန်းမစိုးလေး (Myanmar Translation)
Ficção HistóricaHello.. This is my second translation work and hope u guys will enjoy..❤ I don't own this story and i'm just a translator. I give all full credit to original author and english translation team. Collaboration with - Peach-Niel Book cover design...